ပြည်သူပြည်သားတို့သည် ယောရှိသား ယောခတ်ကိုယူ၍၊ ယေရုရှလင်မြို့မှာ ခမည်းတော်အရာ၌ နန်းတင်ကြ၏။
ယောယကိမ်မင်းလက်ထက် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ချီလာ၍၊ ယောယကိမ်သည် သုံးနှစ်ကျွန်ခံပြီးမှ တစ်ဖန်လှန်ပြန်၍ ပုန်ကန်လေ၏။
ယောရှိသားဦးကား ယောဟာနန်၊ ဒုတိယသား ယောယကိမ်၊ တတိယသား ဇေဒကိ၊ စတုတ္ထသား ရှလ္လုံတည်း။
ယုဒပြည်သူပြည်သားအပေါင်းတို့သည်၊ အသက်တစ်ဆယ်ခြောက်နှစ်ရှိသော သားတော်ဩဇိကိုယူ၍ ခမည်းတော် အာမဇိအရာ၌ နန်းတင်ကြ၏။
အာမုန်မင်းကြီးတစ်ဖက်၌ သင်းဖွဲ့သောသူအပေါင်းတို့ကို၊ ပြည်သူပြည်သားတို့သည် ကွပ်မျက်၍၊ သားတော်ယောရှိကို ခမည်းတော်အရာ၌ နန်းတင်ကြ၏။
အကျင့်ကျင့်ခြင်းအရာ အစအဆုံးတို့သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။
ခမည်းတော် ယောရှိမင်းကြီးအရာ၌စိုးစံ၍ ဤပြည်မှထွက်သွားသော ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏သားရှလ္လုံကို ရည်မှတ်၍ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုမင်းသည် နောက်တစ်ဖန် ဤပြည်သို့ ပြန်၍မလာရ။
ကျွေးမွေးသော သားတစ်ကောင်သည် ခြင်္သေ့ပျိုဖြစ်၍၊ တောတိရစ္ဆာန်တို့ကို ဖမ်းဆီးခြင်းငှာ၊ သင်၏ လူတို့ကိုလည်း ကိုက်စားတတ်၏။
ထာဝရဘုရားသည်၊ သင်ချီးမြှောက်သောရှင်ဘုရင်ကို သင်နှင့် သင့်ဘိုးဘေးတို့ မသိမကျွမ်းဖူးသော လူမျိုးရှိရာသို့ ဆောင်သွားတော်မူသဖြင့်၊ သင်သည် အခြားတစ်ပါးသောဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။