Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 35:2

Judson Bible

ယဇ်​ပု​ရော​ဟိတ်​တို့​ကို မိ​မိ​တို့​အ​ရာ၌​ခန့်​ထား၍၊ ဗိ​မာန်​တော်​အ​မှု​ကို စောင့်​စေ​ခြင်း​ငှာ နှိုး​ဆော်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​ခြင်း​ငှာ ကိုယ်​စိတ်​နှ​လုံး​ကို နှိုး​ဆော်​တိုက်​တွန်း​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့၊ တည်​ရ​သော အိမ်​တော်​ထဲ​သို့ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​နှင့် ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော​တန်​ဆာ​တို့​ကို သွင်း​ခြင်း​ငှာ ထ​ကြ​လော့။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို တည်​ဆောက်​ကြ​လော့​ဟု မှာ​ထား​တော်​မူ၏။

မော​ရှေ​ပ​ည​တ္တိ​ကျမ်း၌​ပါ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​တို့​ကို ပူ​ဇော်​ခြင်း၊ ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း၊ ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ ဗိ​မာန်​တော်၌ ဒါ​ဝိဒ်​ခွဲ​ထား​သော ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​သည် ဗိ​မာန်​တော်​မှု​များ​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ ယော​ယ​ဒ​စီ​ရင်​လေ၏။

ထို​သို့ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ မှာ​ထား​သ​မျှ​အ​တိုင်း၊ လေ​ဝိ​သား​များ​နှင့် ယု​ဒ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​ပြု၍၊ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သည် ဖွဲ့​မြဲ​ဖွဲ့​သော အ​သင်း​တို့​ကို မ​ဖျက်​သော​ကြောင့်၊ ဥ​ပုသ်​နေ့၌ ထွက်​ရ​သော​သူ​နှင့် ဝင်​ရ​သော​သူ အ​သီး​အ​သီး​တို့​ကို ခေါ်​ထား​ကြ၏။

ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​သည်၊ အ​သီး​အ​သီး​စောင့်​ရ​သော​အ​မှု​ကို အ​လှည့်​သင့်​သည်​အ​တိုင်း စောင့်​လျက်၊ ထာ​ဝ​ရ​ဘု​ရား ကျိန်း​ဝပ်​တော်​မူ​သော ဌာ​န​တော်​တံ​ခါး​အ​တွင်း၌၊ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​ခြင်း၊ အ​မှု​တော်​မျိုး​ကို စောင့်​ခြင်း၊ ကျေး​ဇူး​တော်​ကို ဝန်​ခံ​ခြင်း၊ ထော​မ​နာ​သီ​ချင်း​ဆို​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ ဟေ​ဇ​ကိ​ခန့်​ထား​တော်​မူ၏။

မော​ရှေ​ကျမ်း​စာ၌ ပါ​သည်​အ​တိုင်း၊ ယေ​ရု​ရှ​လင်​မြို့၌ ဘု​ရား​ဝတ်​ကို ပြု​စေ​ခြင်း​ငှာ၊ ယဇ်​ပု​ရော​ဟိတ် အ​သီး​အ​သီး​တို့​ကို​လည်း​ကောင်း၊ သင်း​ဖွဲ့​သော လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း ခန့်​ထား​ကြ၏။

သူ​ငယ်​အစ်​မ​လည်း အ​ဘယ်​သို့​ဖြစ်​မည်​ကို​သိ​မြင်​ခြင်း​ငှာ အ​ဝေး၌​ရပ်​နေ​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ