Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 34:1

Judson Bible

ယော​ရှိ​သည် အ​သက်​ရှစ်​နှစ်​ရှိ​သော် နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ သုံး​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အ​တိုင်း ယဇ်​ပ​လ္လင်​တစ်​ဖက်၌ ကြွေး​ကြော်​လျက်၊ အို​ယဇ်​ပ​လ္လင်၊ ယဇ်​ပ​လ္လင်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဒါ​ဝိဒ်​မင်း​မျိုး၌ ယော​ရှိ​အ​မည်​ရှိ​သော​သူ​ကို ဖွား​မြင်​လိမ့်​မည်။ သင့်​အ​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ မြင့်​သော​အ​ရပ်၌ ယဇ်​ပု​ရော​ဟိတ်​လုပ်​သော​သူ​တို့​ကို ထို​သူ​သည် သင့်​အ​ပေါ်​မှာ​ပူ​ဇော်၍၊ လူ​သေ​အ​ရိုး​တို့​ကို​မီး​ရှို့​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။

ထို​အ​ခါ ရှင်​ဘု​ရင်​သည် ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​ကို ခေါ်၍၊

ယော​ရှ​သည် အ​သက်​ခု​နစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ အ​နှစ်​လေး​ဆယ်​စိုး​စံ၏။ မယ်​တော်​ကား၊ ဗေ​ရ​ရှေ​ဘ​မြို့​သူ ဇိ​ဗိ​အ​မည်​ရှိ၏။

ယု​ဒ​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည်၊ အ​သက်​တစ်​ဆယ်​ခြောက်​နှစ်​ရှိ​သော သား​တော်​ဩ​ဇိ​ကို​ယူ၍ ခ​မည်း​တော် အာ​မ​ဇိ​အ​ရာ၌ နန်း​တင်​ကြ၏။

မ​နာ​ရှေ​သည် အ​သက်​တစ်​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ ငါး​ဆယ်​ငါး​နှစ် စိုး​စံ​လေ၏။

အာ​မုန်​မင်း​ကြီး​တစ်​ဖက်၌ သင်း​ဖွဲ့​သော​သူ​အ​ပေါင်း​တို့​ကို၊ ပြည်​သူ​ပြည်​သား​တို့​သည် ကွပ်​မျက်၍၊ သား​တော်​ယော​ရှိ​ကို ခ​မည်း​တော်​အ​ရာ၌ နန်း​တင်​ကြ၏။

ဆုံး​မ​ခြင်း​ကို​မ​ခံ၊ အ​သက်​ကြီး၍ မိုက်​သော​ရှင်​ဘု​ရင်​ထက်၊ ပ​ညာ​ရှိ​သော ဆင်း​ရဲ​သား​သူ​ငယ်​သည် သာ၍​မြတ်၏။

ယု​ဒ​ရှင်​ဘု​ရင် အာ​မုန်​သား ယော​ရှိ နန်း​စံ​ဆယ်​သုံး​နှစ်​မှ​စ၍ ယ​ခု​တိုင်​အောင်၊ အ​နှစ်​နှစ်​ဆယ်​သုံး​နှစ်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ​သည်​အ​တိုင်း၊ ငါ​သည် စော​စော​ထ၍ အ​မိန့်​တော်​ကို အ​ထပ်​ထပ်​ဆင့်​ဆို​သော်​လည်း၊ သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ၏။

ယော​ရှိ​မင်း​ကြီး​လက်​ထက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား မိန့်​တော်​မူ​သည်​ကား၊ ဖောက်​ပြန်​သော ဣ​သ​ရေ​လ​အ​မျိုး ပြု​သော​အ​မှု​ကို သင်​မြင်​ပြီ​လော။ မြင့်​သော​တောင်​ရှိ​သ​မျှ အ​ပေါ်​သို့​တက်၍​လည်း​ကောင်း၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​လည်း​ကောင်း ပြည့်​တန်​ဆာ​လုပ်​လေ​ပြီ။

ယု​ဒ​ရှင်​ဘု​ရင်​အာ​မုန်​သား ယော​ရှိ​မင်း​လက်​ထက်၊ ဟိ​ဇ​ကိ၊ အာ​မ​ရိ၊ ဂေ​ဒ​လိ​တို့​မှ ဆင်း​သက်​သော ကု​ရှိ၏​သား ဇေ​ဖ​နိ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊

အ​ခွက်​ငါး​ဆယ်​ကို​ခံ​သော​သူ​သည် သွား၍​ကုန်​သွယ်​ခြင်း​ကို ပြု​သ​ဖြင့် အ​ခြား​သော​အ​ခွက်​ငါး​ဆယ်​ကို အ​မြတ်​ရ​လေ၏။-

သူ​ငယ် ရှ​မွေ​လ​သည် ပိတ်​သင်​တိုင်း​ကို ဝတ်​စည်း​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၌ အ​မှု​တော်​ကို ဆောင်​ရွက်​လေ၏။

သူ​ငယ်​ရှ​မွေ​လ​သည် ကြီး​ပွား၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ လူ​တို့​ရှေ့၌ မျက်​နှာ​ရ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ