Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 33:4

Judson Bible

ယေ​ရု​ရှ​လင်​မြို့၌ ငါ့​နာ​မ​ကို အ​စဉ်​ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​မြို့၊ ဗိ​မာန်​တော်၌​ယဇ်​ပ​လ္လင်​တည်း​ဟူ​သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​သား​သည် ငါ၏​နာ​မ​အ​ဖို့ အိမ်​ကို​ဆောက်​လိမ့်​မည်။ သူ​ထိုင်​သော ရာ​ဇ​ပ​လ္လင်​ကို အ​စဉ်​အ​မြဲ ငါ​တည်​စေ​မည်။

ဤ​မည်​သော​အ​ရပ်၌ ငါ့​နာ​မ​တည်​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဤ​အ​ရပ်​ဌာ​န​နှင့် ဤ​အိမ်​တော်​ကို နေ့​ည​မ​ပြတ်​ကြည့်​ရှု၍၊ ကိုယ်​တော်​ကျွန်​သည် ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။

သင်​သည် ငါ့​ရှေ့​မှာ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော စ​ကား​ကို​ငါ​ကြား​ပြီ။ သင်​တည်​ဆောက်​သော ဤ​အိမ်​ကို သန့်​ရှင်း​စေ၍၊ ငါ့​နာ​မ​ကို အ​စဉ်​တည်​စေ​မည်။ အ​စဉ်​ငါ​ကြည့်​ရှု​လျက် နှ​လုံး​စွဲ​လမ်း​လျက်​နေ​မည်။

ထို​သို့ ဒ​မာ​သက်​မြို့​မှ အာ​ခတ်​မင်း​ပေး​လိုက်​သ​မျှ​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​သည် အာ​ခတ်​မင်း မ​ရောက်​မီ လုပ်​နှင့်​ပြီ။

အာ​ခတ်​မင်း​ကြီး​မှာ​ထား​သ​မျှ​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​ပြု၏။

တစ်​ဖန် အာ​ခတ်​သည် ဗိ​မာန်​တော်​တန်​ဆာ​တို့​ကို စု​ထား၍ အ​ပိုင်း​ပိုင်း ချိုး​ဖြတ်၏။ ဗိ​မာန်​တော်​တံ​ခါး​တို့​ကို​လည်း ပိတ်​ထား၏။ ယေ​ရု​ရှ​လင်​မြို့​ထောင့်​များ၌ ယဇ်​ပ​လ္လင်​တို့​ကို တည်၏။

လူ​တို့​လက်​ဖြင့် လုပ်​သော​ဘု​ရား၊ မြေ​ကြီး​သား​များ ကိုး​ကွယ်​သော ဘု​ရား​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့​ဘု​ရား​သ​ခင်​ကို ရော၍ ကဲ့​ရဲ့​ကြ၏။

တစ်​ပါး​အ​မျိုး​တို့၏​ဘု​ရား​များ​နှင့် အ​ရင်​လုပ်​သော​ရုပ်​တု​ကို၊ ဗိ​မာန်​တော်​ထဲ​က ထုတ်၍၊ ဗိ​မာန်​တော်​တောင်​ပေါ်၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​မှာ အ​ရင်​တည်​သော ယဇ်​ပ​လ္လင်​တို့​ကို​လည်း မြို့​ပြင်​သို့ ထုတ်​ပစ်​လေ၏။

ဤ​ဗိ​မာန်၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​တွင် ငါ​ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း၊ ငါ့​နာ​မ​ကို အ​စဉ်​အ​မြဲ ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​နှင့် သား​တော်​ရှော​လ​မုန်​အား​မိန့်​တော်​မူ​ရာ၌၊ ရည်​ဆောင်​သော ဗိ​မာန်​တော်​ထဲ​မှာ၊ မိ​မိ​ပြု​စု​သော​ရုပ်​တု​နှင့် တူ​အောင်​လုပ်​သော ရုပ်​တု​တစ်​ခု​ကို တင်​ထား၏။

ဗိ​သု​ကာ​နှင့် လက်​သ​မား​လုပ်​သည်​အ​တွက်၊ ယု​ဒ​ရှင်​ဘု​ရင် ဖျက်​ဆီး​သော အ​ဆောင်​တို့​ကို ပြင်​စ​ရာ​ဖို့ ဆစ်​သော​ကျောက်​များ​နှင့် ထုပ်၊ လျောက်၊ ရ​နယ်​များ​ကို ဝယ်​သည်​အ​တွက် ပေး​ကြ၏။

ငါ့​နာ​မ​သည် အ​စဉ်​တည်၍ ငါ့​မျက်​စိ​နှင့် ငါ့​နှ​လုံး အ​စဉ်​စွဲ​လမ်း​စ​ရာ​ဖို့ ဤ​အိမ်​ကို​ငါ​ရွေး​ချယ်၍ သန့်​ရှင်း​စေ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​အ​မျိုး​သား​တို့​သည် ငါ့​ရှေ့​မှာ ဆိုး​သော​အ​မှု​ကို ပြု​ကြ​ပြီ။ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော အိမ်​တော်​ကို​ညစ်​ညူး​စေ​ခြင်း​ငှာ၊ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​တို့​ကို သွင်း​ထား​ကြ​ပြီ။

နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ