Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 33:2

Judson Bible

ထို​မင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ၊ ထာ​ဝ​ရ​ဘု​ရား နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား ရွံ​ရှာ​ဖွယ်​ထုံး​စံ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ရှေ့​မှ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​ပြု​သ​ကဲ့​သို့ မြင့်​သော​အ​ရပ်​ရှိ​သ​မျှ​အ​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ အ​ဓ​မ္မ​အ​မှု​တို့​ကို ပြု​ကြ၏။

စီ​ရင်​တော်​မူ​ချက်၊ ဘိုး​ဘေး​တို့​နှင့် ဖွဲ့​တော်​မူ​သော​ပ​ဋိ​ညာဉ်၊ သူ​တို့၌ သက်​သေ​ခံ​တော်​မူ​သော သက်​သေ​တို့​ကို​ပယ်၍ အ​န​တ္တ​တ​ရား​ကို ကျင့်​လျက် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ အ​ကြင်​တစ်​ပါး​အ​မျိုး​သား​ကျင့်​သ​ကဲ့​သို့ မ​ကျင့်​ကြ​နှင့်​ဟု ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​တော်​မူ၏၊ ပတ်​လည်၌​နေ​သော ထို​အ​မျိုး​သား​နောက်​သို့​လိုက်​ကြ၏။

ထို​မင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား ရွံ​ရှာ​ဖွယ်​ထုံး​စံ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။

သူ​တို့​သည် နား​မ​ထောင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​သော လူ​မျိုး​တို့​ပြု​သည်​ထက် သာ၍ ဒု​စ​ရိုက်​ကို​ပြု​စေ​ခြင်း​ငှာ မ​နာ​ရှေ​သည် သွေး​ဆောင်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​တို့၏ ရွံ​ရှာ​ဖွယ် ထုံး​စံ​အ​တိုင်း၊ ဟိ​န္နုံ​သား​ချိုင့်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ မိ​မိ​သား​တို့​ကို​လည်း မီး​ဖြင့်​ပူ​ဇော်၏။

ထို​မင်း​သည် ခ​မည်း​တော်​မ​နာ​ရှေ​ပြု​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ ခ​မည်း​တော်​လုပ်​သော ရုပ်​တု​ဆင်း​တု​ရှိ​သ​မျှ​တို့​အား ယဇ်​ပူ​ဇော်၍​ဝတ်​ပြု၏။

ထို​မှ​တစ်​ပါး၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​များ​နှင့် ပြည်​သူ​ပြည်​သား ရှိ​သ​မျှ​တို့​သည်၊ တစ်​ပါး​အ​မျိုး​သား ရွံ​ရှာ​ဖွယ်​ပြု​သည်​အ​တိုင်း၊ အ​လွန်​ပြစ်​မှား​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​သန့်​ရှင်း​စေ​တော်​မူ​သော ဗိ​မာန်​တော်​ကို ညစ်​ညူး​စေ​ကြ၏။

အ​ကျွန်ုပ်​တို့​သည် ပ​ညတ်​တ​ရား​တော်​တို့​ကို တစ်​ဖန်​လွန်​ကျူး၍၊ ဤ​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ပြု​တတ်​သော​လူ​မျိုး​နှင့် ပေါင်း​ဖော်​လျှင် တစ်​ယောက်​မျှ​မ​လွတ်၊ မ​ကျန်​ကြွင်း​စေ​ခြင်း​ငှာ၊ အ​မျက်​တော်​ထွက်၍ အ​ကျွန်ုပ်​တို့​ကို ဖျက်​ဆီး​တော်​မူ​မည် မ​ဟုတ်​လော။

ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇက်​သား မ​နာ​ရှေ​မင်း​သည် ယေ​ရု​ရှ​လင်​မြို့၌​ပြု​သော​အ​မှု​ကြောင့်၊ ထို​သူ​တို့​ကို မြေ​ကြီး​ပေါ်​မှာ​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌ အ​နှောင့်​အ​ယှက်​ကို​ခံ​စေ​မည်။

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ၏​တ​ရား​လမ်း​သို့ မ​လိုက်၊ ငါ့​စီ​ရင်​ချက်​တို့​ကို မ​စောင့်၊ သင်​တို့​ပတ်​လည်၌ နေ​သော လူ​မျိုး​တို့၏ ထုံး​စံ​ဓ​လေ့​တို့​ကို​လိုက်​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။

သင်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ ရှိ​သော​လူ​မျိုး​တို့​ကို၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ပယ်​ရှင်း​တော်​မူ​သ​ဖြင့်၊ သူ​တို့​နေ​ရာ​ပြည်၌ သင်​သည် ဝင်၍​နေ​သော​အ​ခါ၊

သူ​တို့​ပြု​သ​ကဲ့​သို့၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား သင်​မ​ပြု​ရ။ သူ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သ​မျှ​တို့​ကို သူ​တို့​ဘု​ရား၌ ပြု​ကြ​ပြီ။ ကိုယ်​သား​သ​မီး​ကို​ပင် သူ​တို့​ဘု​ရား​အား​ဝတ်​ပြု၍ မီး​ရှို့​ကြ​ပြီ။

သင်​အ​စိုး​ရ​အံ့​သော လူ​မျိုး​တို့​သည်၊ ကာ​လ​ဗေ​ဒင်​ကို ကြည့်​သော​သူ၊ ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို ကိုယ်​ဉာဏ်​အား​ဖြင့် ဟော​ပြော​သော​သူ​တို့​စ​ကား​ကို နား​ထောင်​တတ်​ကြ၏။ သင်​မူ​ကား ထို​သို့​ပြု​ရ​အောင် သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ခွင့်​ပေး​တော်​မ​မူ။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့ သင်​သည် ဝင်​စား​သော​အ​ခါ၊ ထို​ပြည်၌​နေ​သော လူ​မျိုး​တို့​ပြု​တတ်​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ပြု​ခြင်း​ငှာ မ​သင်​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ