၂ ရာချုပ် 32:6Judson Bibleလူများတို့တွင် တပ်မှူးတို့ကိုခန့်ထား၍၊ မြို့လမ်းမ၌ စုဝေးစေသဖြင့်၊ အားပေးသောစကားကို ပြောလျက်၊ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏ တရားတော်မြတ်ကို သွန်သင်သော လေဝိသားအပေါင်းတို့ကို၊ ဟေဇကိသည် အားပေးသောစကားနှင့် နှုတ်ဆက်သဖြင့်၊ သူတို့သည် ခုနစ်ရက်ပတ်လုံးပွဲခံစဉ်အခါ၊ စားသောက်လျက် မိတ်သဟာယ ပူဇော်သကာကိုပြုလျက်၊ ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားအား တောင်းပန်လျက် နေကြ၏။
ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားယောက်ျား အပေါင်းတို့သည် သုံးရက်အတွင်းတွင်၊ ယေရုရှလင်မြို့မှာ စည်းဝေး၍ နဝမလအရက်နှစ်ဆယ်တွင်၊ လူအပေါင်းတို့သည် ထိုအမှုကြောင့်လည်းကောင်း၊ သည်းထန်စွာ မိုးရွာသောကြောင့်လည်းကောင်း၊ တုန်လှုပ်လျက် ဘုရားသခင်၏ အိမ်တော်ဦးရှေ့မှာ ထိုင်နေကြ၏။