Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 32:5

Judson Bible

ဟေ​ဇ​ကိ​သည်​လည်း ကိုယ်​ကို ခိုင်​ခံ့​စေ၏။ ပြို​သော​မြို့​ရိုး​ရှိ​သ​မျှ​ကို ပြု​ပြင်၍၊ ရဲ​တိုက်​တို့​နှင့် တ​ညီ​တည်း​တည်၏။ ပြင်​မြို့​ရိုး​ကို​လည်း တည်၏။ ဒါ​ဝိဒ်​မြို့၌ မိ​လ္လော​ရဲ​တိုက်​ကို​လည်း ပြု​ပြင်၍၊ များ​စွာ​သော လှံ​လက်​နက်​ဒိုင်း လွှား​တို့​ကို​လည်း လုပ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထို​နောက် ဒါ​ဝိဒ်​သည် ရဲ​တိုက်၌​နေ၍ ဒါ​ဝိဒ်​မြို့​ဟူ​သော​အ​မည်​ဖြင့် သ​မုတ်​လေ၏။ မိ​လ္လော​အ​ရပ် ပတ်​လည်၌​လည်း​ကောင်း၊ အ​တွင်း​ဘက်၌​လည်း​ကောင်း တည်​ဆောက်​လေ၏။

ရှင်​ဘု​ရင်​ကို ပုန်​ကန်​သော အ​ကြောင်း​ဟူ​မူ​ကား၊ ရှော​လ​မုန်​သည် မိ​လ္လော​မြို့​ကို​တည်၍၊ ခ​မည်း​တော်​ဒါ​ဝိဒ်၏​မြို့​ရိုး​ပျက်​ကို ပြု​ပြင်​သော​အ​ခါ၊

ဖာ​ရော​ရှင်​ဘု​ရင်၏​သ​မီး​တော်​သည် ဒါ​ဝိဒ်​မြို့​မှ​ထွက်၍၊ သူ့​အ​ဖို့​ရှော​လ​မုန်​တည်​ဆောက်​သော နန်း​တော်​သို့​ပြောင်း​ပြီး​မှ၊ ရှော​လ​မုန်​သည် မိ​လ္လော​မြို့​ကို​ပြု​ပြင်​လေ၏။

ထို​မင်း၏​ကျွန် ရှိ​မတ်​သား ယော​ဇ​ဗဒ်​နှင့် ရှိ​မ​ရိတ်​သား​ယ​ဟော​ဇ​ဗပ်​တို့​သည် ထ၍ သင်း​ဖွဲ့​ပြီး​လျှင်၊ သိ​လ​ရွာ​သို့ သွား​သော​လမ်း၊ မိ​လ္လော​စံ​နန်း​တွင် ယော​ရှ​ကို သေ​အောင်​လုပ်​ကြံ၍၊

ခါ​လ​ဒဲ လူ​တို့​သည် မြို့​ရိုး​ကို​ဖြို​ဖောက်၍ မြို့​ကို​လည်း ဝိုင်း​နေ​သော​ကြောင့်၊ မြို့​သား​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ည​အ​ခါ​ပြေး၍ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား ဥ​ယျာဉ်​တော်​နား တံ​ခါး​ဝ​ဖြင့်​ထွက်​ပြီး​မှ လွင်​ပြင်​သို့​သွား​ကြ၏။

ရော​ဗောင်​မင်း​သည် မိ​မိ​နိုင်​ငံ​ကို​တည်​စေ၍ အား​ကြီး​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး ရှိ​သ​မျှ​နှင့်​တ​ကွ ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​ကို စွန့်၍၊

ခု​နစ်​နှစ်​မြောက်​သော​အ​ခါ၊ ယော​ယ​ဒ​သည် ကိုယ်​ကို​ခိုင်​ခံ့​စေ၍ တပ်​မှူး​များ၊ ယေ​ရော​ဟံ​သား အာ​ဇ​ရိ၊ ယော​ဟ​နန်​သား ဣ​ရှ​မေ​လ၊ ဩ​ဗက်​သား အာ​ဇ​ရိ၊ အ​ဒါ​ယ​သား မာ​သေ​ယ၊ ဇိ​ခ​ရိ​သား ဧ​လိ​ရှ​ဖတ်​တို့​နှင့် သင်း​ဖွဲ့​လေ၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​သည် ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​သား​ဖြစ်​သော ယော​ရှ၏​သား​အာ​မ​ဇိ​ကို ဗက်​ရှေ​မက်​မြို့​မှာ ဖမ်း​မိ၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​ရိုး အ​တောင်​လေး​ရာ​ကို၊ ဧ​ဖ​ရိမ်​တံ​ခါး​မှ​သည် ထောင့်​တံ​ခါး​တိုင်​အောင် ဖြို​ဖျက်​လေ၏။

အ​မ္မုန်​အ​မျိုး​သား​တို့​သည်​လည်း၊ ဩ​ဇိ​မင်း​အား လက်​ဆောင်​ပ​ဏ္ဍာ​တို့​ကို ဆက်​ကြ၏။ သူ​သည် အ​လွန် ကိုယ်​ကို​ခိုင်​ခံ့​စေ​သ​ဖြင့်၊ သ​တင်း​တော်​သည် အဲ​ဂု​တ္တု​ပြည်​တိုင်​အောင် ကျော်​စော​လေ၏။

ထို​နောက်၊ ဒါ​ဝိဒ်​မြို့​ပြင်၊ ဂိ​ဟုန်​မြို့​အ​နောက်​ဘက်၊ ချိုင့်​ထဲ​မှာ ငါး​တံ​ခါး​ဝ​တိုင်​အောင်​လည်း​ကောင်း၊ ဩ​ဖေ​လ​ရဲ​တိုက် ပတ်​လည်၌​လည်း​ကောင်း၊ အ​လွန်​မြင့်​သော​မြို့​ရိုး​ကို တည်၏။ ယု​ဒ​ပြည်​တွင် ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ​တို့၌ တပ်​မှူး​တို့​ကို ခန့်​ထား၏။

ကိုယ်​စိတ်​ကို မ​ချုပ်​တည်း​နိုင်​သော​သူ​သည် မြို့​ရိုး​ပြို​ပျက်၍ ဟင်း​လင်း​ရှိ​သော​မြို့​နှင့် တူ၏။

ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မင်း​နှင့် စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ထို​လူ​များ​ကို​မြင်​လျှင်၊ ည​အ​ခါ​ပြေး၍ ဥ​ယျာဉ်​တော်​လမ်း​ကို​လိုက်​လျက်၊ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား တံ​ခါး​ဖြင့်​ထွက်​ပြီး​မှ လွင်​ပြင်​သို့​သွား​ကြ၏။

တစ်​ဦး​ကို​တစ်​ဦး မ​တိုက်​ဘဲ မိ​မိ​လမ်း​သို့ မိ​မိ​လိုက်​ကြ​လိမ့်​မည်။ ဓား​သွား​ကို ထိ​သော်​လည်း ရှ​န​ခြင်း​ကို မ​ခံ​ရ​ကြ။

ရှေ​ခင်​မြို့​သား​အ​ပေါင်း​တို့​နှင့် မိ​လ္လော​အ​ဆွေ​အ​မျိုး အ​ပေါင်း​တို့​သည် ရှေ​ခင်​မြို့​တွင်​ရှိ​သော အ​ထိမ်း​အ​မှတ် သ​ပိတ်​ပင်​အ​နား​မှာ​စည်း​ဝေး၍ အ​ဘိ​မ​လက်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ