ထိုမှတစ်ပါး၊ ဟေဇကိသည် ဂိဟုန်အထက်ချောင်းရေကို ပိတ်၍၊ ဒါဝိဒ်မြို့အနောက်သို့ တည့်တည့် စီးစေ၏။ ထိုသို့ ဟေဇကိသည် ပြုလေရာရာ၌ အကြံထမြောက်၏။
ရှင်ဘုရင်ကလည်း၊ သင်တို့အရှင်၏ကျွန်များကို ခေါ်၍ ငါ့သားရှောလမုန်ကို ငါ၏မြင်းလားတော်ပေါ်မှာ စီးစေလျက်၊ ဂိဟုန်မြို့သို့ ဆောင်သွားကြလော့။
ထိုအခါ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့သည်ထွက်၍ ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏ မြင်းလားပေါ်မှာစီးစေလျက် ဂိဟုန်မြို့သို့ ဆောင်သွားကြ၏။
ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် ပရောဖက်နာသန်တို့သည် ရှောလမုန်ကို ဂိဟုန်မြို့၌ ရာဇဘိသိက်ပေးပါပြီ။ ထိုမြို့မှ ဝမ်းမြောက်စွာလာပြန်၍၊ တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်သောအသံကို ကိုယ်တော်ကြားရပါ၏။
ဟေဇကိပြုမူသောအမှုအရာကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်း၊ ရေကန်နှင့် ရေပြွန်ကိုလုပ်၍ မြို့ထဲသို့ရေကို ဆောင်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။
ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံကို နားလည်သော ဇာခရိလက်ထက်၌၊ ဩဇိမင်းသည် ဘုရားသခင်ကို ဆည်းကပ်၏။ ထာဝရဘုရားကို ဆည်းကပ်သောကာလပတ်လုံး၊ ဘုရားသခင်သည် အကြံထမြောက်ရသောအခွင့်ကို ပေးတော်မူ၏။
မြို့ပြင်၌ရှိသော စမ်းရေကိုဖြတ်ခြင်းငှာ မှူးမတ်၊ စစ်သူကြီးတို့နှင့် တိုင်ပင်၍။ သူတို့သည် ဝိုင်းလုပ်ကြ၏။
အာရှုရိရှင်ဘုရင်တို့သည်လာ၍၊ များစွာသောရေကို အဘယ်ကြောင့်တွေ့ရမည်နည်းဟု လူများတို့သည်ဆိုလျက်၊ စုဝေး၍ စမ်းရေတွင်းရှိသမျှကို ပိတ်ကြ၏။ ပြည်အလယ်၌ စီးသောချောင်းရေကိုလည်း ဖြတ်ကြ၏။
ထိုနောက်၊ ဒါဝိဒ်မြို့ပြင်၊ ဂိဟုန်မြို့အနောက်ဘက်၊ ချိုင့်ထဲမှာ ငါးတံခါးဝတိုင်အောင်လည်းကောင်း၊ ဩဖေလရဲတိုက် ပတ်လည်၌လည်းကောင်း၊ အလွန်မြင့်သောမြို့ရိုးကို တည်၏။ ယုဒပြည်တွင် ခိုင်ခံ့သောမြို့ရှိသမျှတို့၌ တပ်မှူးတို့ကို ခန့်ထား၏။