Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 32:12

Judson Bible

ထို​ဟေ​ဇ​ကိ​သည် ထာ​ဝ​ရ​ဘု​ရား၏ မြင့်​သော​အ​ရပ်​ဌာ​န​နှင့် ယဇ်​ပ​လ္လင်​တို့​ကို ပယ်၍၊ သင်​တို့​သည် တစ်​ခု​တည်း​သော ယဇ်​ပ​လ္လင် ရှေ့​မှာ ကိုး​ကွယ်​ရ​မည်။ ထို​ယဇ်​ပ​လ္လင်​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရ​မည်​ဟု ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို မိန့်​တော်​မူ​ပြီ​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​နှင့် ဆိုင်​သ​မျှ​သော တန်​ဆာ​များ​တည်း​ဟူ​သော​ရွှေ​ယဇ်​ပ​လ္လင်၊ ရှေ့​တော်​မုန့်​တင်​စ​ရာ ရွှေ​စား​ပွဲ၊

သင်​တို့​က၊ ငါ​တို့​သည် ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​သည်​ဟု ဆို​ပြန်​လျှင်၊ ဟေ​ဇ​ကိ​သည် မြင့်​သော​အ​ရပ်​ဌာ​န​နှင့် ယဇ်​ပ​လ္လင်​တို့​ကို​ပယ်၍၊ ယေ​ရု​ရှ​လင်​မြို့​မှာ ဤ​မည်​သော​ယဇ်​ပ​လ္လင်​ရှေ့၌​သာ ကိုး​ကွယ်​ရ​မည်​ဟု ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို မှာ​ထား​သ​ဖြင့်၊ သင်​တို့​ပြစ်​မှား​သော​ဘု​ရား​ဖြစ်​သည် မ​ဟုတ်​လော။

မြင့်​သော​အ​ရပ်​တို့​ကို ပယ်၏။ ရုပ်​တု​ဆင်း​တု​တို့​ကို ချိုး​ဖဲ့၏။ အာ​ရှ​ရ​ပင်​တို့​ကို ခုတ်​လှဲ၏။ မော​ရှေ​လုပ်​သော ကြေး​ဝါ​မြွေ​ကို အ​ပိုင်း​ပိုင်း​ဖြတ်၏။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထို​ကာ​လ​တိုင်​အောင်၊ ထို​မြွေ​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​တတ်​ကြ၏။ ထို​မြွေ​ကို န​ဟု​တ္တန်​အ​မည်​ဖြင့် မှည့်​သ​တည်း။

သူ​တို့​သည်​ထ၍၊ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော ယဇ်​ပ​လ္လင်​တို့​ကို​လည်း​ကောင်း၊ နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ယဇ်​ပ​လ္လင် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း ပယ်​ရှင်း၍၊ ကေ​ဒြုန်​ချောင်း​ထဲ​သို့ ပစ်​ချ​ကြ၏။

ထို​အ​မှု လက်​စ​သတ်​သော​အ​ခါ၊ စည်း​ဝေး​သော ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည်၊ ယု​ဒ​မြို့​များ​သို့ ထွက်​သွား၍ ယု​ဒ​ပြည်၊ ဗင်္ယာ​မိန်​ပြည်၊ ဧ​ဖ​ရိမ်​ပြည်၊ မ​နာ​ရှေ​ပြည် အ​ရပ်​ရပ်၌​ရှိ​သော ရုပ်​တု​ဆင်း​တု၊ အာ​ရှ​ရ​ပင်၊ မြင့်​သော​အ​ရပ်၊ ယဇ်​ပ​လ္လင်​ရှိ​သ​မျှ​တို့​ကို ရှင်း​ရှင်း​မ​ဖျက်​ဆီး​မီ​တိုင်​အောင် ချိုး​ဖဲ့၊ ခုတ်​လှဲ​ဖြို​ချ​ကြ၏။ ထို​နောက်​မှ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ အ​သီး​အ​သီး ပိုင်​ထိုက်​သော​နေ​ရာ မြို့​ရွာ​တို့​သို့ ပြန်​သွား​ကြ၏။

ဟေ​ဇ​ကိ​က၊ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ ကယ်​လွှတ်​တော်​မူ​မည်​ဟု​ဆို​လျက်၊ မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း​အား​ဖြင့် အ​သေ​ခံ​ရ​သည်​တိုင်​အောင်၊ ကိုယ်​ကို​စွန့်​ပစ်​စေ​ခြင်း​ငှာ၊ သင်​တို့​ကို ဖြား​ယောင်း​သည်​မ​ဟုတ်​လော။

သို့​ရာ​တွင် ပြည်​သား​တို့​သည် မြင့်​သော​အ​ရပ်​ပေါ်​မှာ ယဇ်​ပူ​ဇော်​လျက်​ပင်၊ မိ​မိ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ ကိုး​ကွယ်​ကြ၏။

အ​လျား အ​တောင်​နှစ်​ဆယ်၊ အ​နံ​အ​တောင် နှစ်​ဆယ်၊ အ​မြင့် ဆယ်​တောင်​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​ကို​လည်း လုပ်​လေ၏။

သင်​တို့​က၊ ငါ​တို့​သည် ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သည်​ဟု ဆို​ပြန်​လျှင်၊ ဟေ​ဇ​ကိ​သည် မြင့်​သော​အ​ရပ်​ဌာ​န​နှင့် ယဇ်​ပ​လ္လင်​တို့​ကို​ပယ်၍၊ ဤ​မည်​သော​ယဇ်​ပ​လ္လင်​ရှေ့၌​သာ ကိုး​ကွယ်​ရ​မည်​ဟု ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို မှာ​ထား​သ​ဖြင့်၊ သင်​တို့​ပြစ်​မှား​သော​ဘု​ရား ဖြစ်​သည်​မ​ဟုတ်​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ