၂ ရာချုပ် 31:3Judson Bibleထာဝရဘုရား၏ ပညတ္တိကျမ်း၌ ရေးထားသည်အတိုင်း၊ နေ့ရက်အစဉ် နံနက်အချိန်၊ ညဉ့်ဦးချိန်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဖို့၊ ဘဏ္ဍာတော်ထဲက ဥစ္စာတစ်ဖို့ကို ထုတ်၍လှူတော်မူ၏။ အခန်းကိုကြည့်ပါ။ |
မင်းသားသည်လည်း ပွဲသဘင်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ဣသရေလအမျိုး ပရိသတ်စည်းဝေးသော နေ့ရက်အစဉ်အတိုင်း မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာတို့ကို ပူဇော်ရမည်။ ဣသရေလအမျိုး၏အပြစ်ကို ဖြေခြင်းငှာ အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကိုလည်း ပူဇော်ရမည်။