သစ္စာစောင့်၍ ကိုယ်ကိုသန့်ရှင်းစေသော ထိုသူတို့၏ သားမယားသူငယ်မှစ၍၊ ပရိသတ်အနှံ့အပြား စာရင်းဝင်သမျှသော သူတို့အားလည်းကောင်း၊ နေ့ရက်အစဉ်အတိုင်း ပေးဝေရကြ၏။
တံခါးစောင့်အရာ၌ ခန့်ထားသောသူပေါင်းကား နှစ်ရာတစ်ဆယ်နှစ်ယောက်တည်း။ ထိုသူတို့သည် ဒါဝိဒ်နှင့် ပရောဖက်ရှမွေလခန့်ထားသော သားစဉ်မြေးဆက် အသီးအသီးနေသောရွာ၌ စာရင်းဝင်ကြ၏။
ကောရလက်ထောက်၊ ဧဒင်၊ ဗင်္ယာမိန်၊ ယောရှု၊ ရှေမာယ၊ အာမရိ၊ ရှေကနိတို့သည်လည်း ယဇ်ပုရောဟိတ်နေရာ မြို့တို့၌ အရာခံသည်အတိုင်း၊ သင်းဖွဲ့သောညီအစ်ကို အကြီးအငယ်တို့အား ပေးဝေရကြ၏။
အဆွေအမျိုးအလိုက်စာရင်းဝင်၍၊ အသက်နှစ်ဆယ်လွန်သဖြင့်၊ သင်းဖွဲ့သည်အတိုင်း၊ အမှုတော်စောင့်သော ယဇ်ပုရောဟိတ် လေဝိသားတို့အားလည်းကောင်း၊
ထိုအတူ၊ အထက်ဆိုခဲ့ပြီးသောသူတို့သည် ယဇ်ပုရောဟိတ်၊ လေဝိသားနေစရာဖို့ ခွဲထားသောမြို့နယ်တို့၌ နေသော အာရုန်သား ယဇ်ပုရောဟိတ်ယောက်ျား၊ စာရင်းဝင်သော လေဝိသားအပေါင်းတို့အားလည်း ပေးဝေရကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် တရားစီရင်ခြင်းအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။ သန့်ရှင်းတော်မူသော ဘုရားသခင်သည် ဖြောင့်မတ်ခြင်းအားဖြင့်၊ သန့်ရှင်းခြင်းရှိတော်မူလိမ့်မည်။