Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 31:12

Judson Bible

လှူ​သော​ဥ​စ္စာ၊ ဆယ်​ဖို့​တစ်​ဖို့​ဥ​စ္စာ၊ ပူ​ဇော်​သော​ဥ​စ္စာ​များ​ကို တ​ရား​နှင့်​အ​ညီ သွင်း​ထား​ကြ၏။ လေ​ဝိ​သား ကော​န​နိ​သည် တိုက်​အုပ်၊ သူ၏​ညီ​ရှိ​မိ​သည် တိုက်​စာ​ရေး​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

အ​လုပ်​လုပ်​သော​သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ၊ ငွေ​ကို လက်​ခံ​သော​သူ​တို့​သည် သ​စ္စာ​စောင့်​သော​သူ ဖြစ်​သော​ကြောင့် စာ​ရင်း​မ​ပေး​ကြ။

ယေ​ဟေ​လ၊ အာ​ဇ​ဇိ၊ နာ​ဟတ်၊ အာ​သ​ဟေ​လ၊ ယေ​ရိ​မုတ်၊ ယော​ဇ​ဗတ်၊ ဧ​လျေ​လ၊ ဣ​သ​မ​ခိ၊ မာ​ဟတ်၊ ဗေ​နာ​ယ​တို့​သည်​လည်း ဟေ​ဇ​ကိ​မင်း​ကြီး​နှင့် ဗိ​မာန်​တော်​အုပ်​အာ​ဇ​ရိ စီ​ရင်​သည်​အ​တိုင်း၊ ကော​န​နိ​နှင့် သူ၏​ညီ​ရှိ​မိ​တို့​သည် အ​စေ​ခံ၍ ကြည့်​ရှု​ပြု​စု​ရ​ကြ၏။

ထို​အ​တူ၊ အ​ထက်​ဆို​ခဲ့​ပြီး​သော​သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​နေ​စ​ရာ​ဖို့ ခွဲ​ထား​သော​မြို့​နယ်​တို့၌ နေ​သော အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ်​ယောက်ျား၊ စာ​ရင်း​ဝင်​သော လေ​ဝိ​သား​အ​ပေါင်း​တို့​အား​လည်း ပေး​ဝေ​ရ​ကြ၏။

လေ​ဝိ​သား​အ​ကြီး​အ​ကဲ၊ ကော​န​နိ၊ ရှေ​မာ​ယ၊ ဟာ​ရှ​ဘိ၊ ယေ​ယေ​လ၊ ယော​ဇ​ဗဒ်၊ နာ​သ​နေ​လ​နှင့် သူ၏​ညီ​များ​တို့​သည်​လည်း၊ ပ​သ​ခါ​ပွဲ​ခံ​စ​ရာ​ဖို့ သိုး​ဆိတ်​ငါး​ထောင်​နှင့် နွား​ငါး​ရာ​ကို လေ​ဝိ​သား​တို့​အား ပေး​ကြ၏။

လေ​ဝိ​သား​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ပူ​ဇော်​သ​ကာ​တို့​ကို သန့်​ရှင်း​ရာ​ဌာ​န​တော်​တန်​ဆာ၊ အ​မှု​စောင့်​ယဇ်​ပု​ရော​ဟိတ်၊ တံ​ခါး​စောင့်၊ သီ​ချင်း​သည်​တို့​ရှိ​ရာ အ​ခန်း​သို့ ဆောင်​ခဲ့​ရ​ကြ​မည်။ ငါ​တို့ ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို ငါ​တို့​သည် စွန့်​ပစ်၍ မ​ထား​ရ​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ