Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 30:3

Judson Bible

ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​မှု​တော်​ကို ဆောင်​ရွက်​နိုင်​မည်​အ​ကြောင်း၊ ကိုယ်​ကို​သန့်​ရှင်း​စွာ မ​ပြု​ကြ​သေး။ ပြည်​သူ​ပြည်​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ မ​စည်း​ဝေး​သော​ကြောင့် လွန်​ခဲ့​သော​လ​တွင် ထို​ပွဲ​ကို​မ​ခံ​နိုင်​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ပ​ထ​မ​လ​တစ်​ရက်​နေ့​တွင် သန့်​ရှင်း​စ​ပြု၍၊ ရှစ်​ရက်​နေ့​တွင် ဗိ​မာန်​တော်​ဦး​သို့​ရောက်​ကြ၏။ ထို​နောက် ရှစ်​ရက်​ပတ်​လုံး၊ ဗိ​မာန်​တော်​ကို​သန့်​ရှင်း​စေ၍ ပ​ထ​မ​လ တစ်​ဆယ်​ခြောက်​ရက်​နေ့​တွင် လက်​စ​သတ်​ကြ၏။

ယဇ်​ပု​ရော​ဟိတ်​တို့​သည် နည်း​သော​ကြောင့်၊ မီး​ရှို့​ရာ​ယဇ်​ကောင်​ရှိ​သ​မျှ​ကို မ​သတ်​နိုင်​သည်​ဖြစ်၍၊ အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကိုယ်​ကို​မ​သန့်​ရှင်း​စေ​မီ၊ အ​မှု​တော် လက်​စ​မ​သတ်​မီ​တိုင်​အောင်၊ ညီ​အစ်​ကို လေ​ဝိ​သား​တို့​သည် ထောက်​မ​ကြ၏။ ကိုယ်​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ယဇ်​ပု​ရော​ဟိတ်​များ​ထက် လေ​ဝိ​သား​တို့​သည် သာ၍ စိတ်​သ​ဘော​ဖြောင့်​ကြ၏။

ဒု​တိ​ယ​လ တစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​ကြ၏။ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည် သ​တိ​ရ၍ ကိုယ်​ကို​သန့်​ရှင်း​စေ​လျက်၊ မီး​ရှို့​ရာ​ယဇ်​တို့​ကို ဗိ​မာန်​တော်​ထဲ​သို့ သွင်း​ကြ၏။

ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​သည် နွား​တစ်​ထောင်​နှင့် သိုး​ခု​နစ်​ထောင်​တို့​ကို​လည်း​ကောင်း၊ မှူး​မတ်​တို့​သည် နွား​တစ်​ထောင်​နှင့် သိုး​တစ်​သောင်း​ကို​လည်း​ကောင်း၊ စည်း​ဝေး​သော​သူ​တို့​အား ပေး​ကြ၏။ များ​စွာ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကိုယ်​ကို သန့်​ရှင်း​စေ​ကြ၏။

ရှင်​ဘု​ရင်​နှင့်​စည်း​ဝေး​သော သူ​အ​ပေါင်း​တို့​သည် ထို​အ​မှု​ကို​နှစ်​သက်​သော​ကြောင့်​လည်း​ကောင်း၊ ကျမ်း​စာ၌​လာ​သည်​အ​တိုင်း၊ ကြာ​မြင့်​စွာ​သော ကာ​လ​ပတ်​လုံး၊ ပ​သ​ခါ​ပွဲ​ကို မ​ခံ​သော​ကြောင့်​လည်း​ကောင်း၊

ထို​သို့ ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်၍ ကိုယ်​ကို သန့်​ရှင်း​စေ​ကြ​လော့။ သင်​တို့​ညီ​အစ်​ကို​တို့​သည် မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည် အ​တိုင်း​ပြု​စေ​ခြင်း​ငှာ၊ သူ​တို့​ကို​လည်း ပြင်​ဆင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ပ​ထ​မ​လ​ဆယ်​လေး​ရက်​နေ့ ညဉ့်​ဦး​မှ​စ၍ နှစ်​ဆယ်​တစ်​ရက်​နေ့ ညဉ့်​ဦး​တိုင်​အောင်၊ သင်​တို့​သည် တ​ဆေး​မ​ပါ​သော​မုန့်​ကို စား​ရ​ကြ​မည်။

ထို​သိုး​သ​ငယ်​တို့​ကို၊ ထို​လ​ဆယ်​လေး​ရက်​တိုင်​အောင် စောင့်​ထား​ပြီး​မှ၊ ညဉ့်​ဦး​အ​ချိန်၌ ဣ​သ​ရေ​လ​အ​မျိုး​အ​စည်း​အ​ဝေး​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သတ်​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ