Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 30:23

Judson Bible

စည်း​ဝေး​သော​သူ အ​ပေါင်း​တို့​သည် ခု​နစ်​ရက်​ထပ်၍ ပွဲ​ခံ​ခြင်း​ငှာ တိုင်​ပင်​ပြီး​မှ၊ ရွှင်​လန်း​သော​စိတ်​နှင့် ခု​နစ်​ရက်​ထပ်၍ ပွဲ​ခံ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ရှော​လ​မုန်​သည် အ​လွန်​များ​စွာ​သော ပ​ရိ​သတ်​တည်း​ဟူ​သော ဟာ​မတ်​မြို့​ဝင်​ဝ​မှ​စ၍ အဲ​ဂု​တ္တု​မြစ်​တိုင်​အောင် အ​နှံ့​အ​ပြား အ​ရပ်​ရပ်​က​လာ​ကြ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ရက်​နှစ်​လီ၊ တစ်​ဆယ်​လေး​ရက်​ပတ်​လုံး ပွဲ​ခံ​တော်​မူ၏။

တစ်​ဖန် ဟေ​ဇ​ကိ​မင်း​ကြီး​နှင့် မှူး​မတ်​တို့​သည် စီ​ရင်၍၊ လေ​ဝိ​သား​တို့​သည် ဒါ​ဝိဒ်​စ​ကား၊ ပ​ရော​ဖက်​အာ​သပ်​စ​ကား​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​သီ​ချင်း​ဆို​ကြ၏။ ရွှင်​လန်း​သော​စိတ်​နှင့် ထော​မ​နာ​သီ​ချင်း​ကို​ဆို​လျက်၊ ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ၏။

ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​သည် နွား​တစ်​ထောင်​နှင့် သိုး​ခု​နစ်​ထောင်​တို့​ကို​လည်း​ကောင်း၊ မှူး​မတ်​တို့​သည် နွား​တစ်​ထောင်​နှင့် သိုး​တစ်​သောင်း​ကို​လည်း​ကောင်း၊ စည်း​ဝေး​သော​သူ​တို့​အား ပေး​ကြ၏။ များ​စွာ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကိုယ်​ကို သန့်​ရှင်း​စေ​ကြ၏။

အ​ဋ္ဌ​မ​နေ့​ရက်၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ကြ၏။ ခု​နစ်​ရက်​ပတ်​လုံး ယဇ်​ပ​လ္လင်​ကို အ​နု​မော​ဒ​နာ​ပြု​ပြီး​မှ၊ နောက်​တစ်​ဖန် ခု​နစ်​ရက်​ပတ်​လုံး ပွဲ​ခံ​ကြ၏။

ထို​သို့ သိမ်း​သွား​ခြင်း​ကို ခံ​ရ​ရာ​ထဲ​က ထွက်​လာ​သော ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​တို့​ကို​လုပ်၍ ထိုင်​နေ​ကြ၏။ နုန်​သား ယော​ရှု​လက်​ထက်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တစ်​ခါ​မျှ ထို​သို့​မ​ပြု​ကြ။ အ​လွန်​ဝမ်း​မြောက်​လျက် နေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ