ဒုတိယလတွင်၊ ပသခါပွဲကိုခံခြင်းငှာ ရှင်ဘုရင်သည် တိုင်ပင်၍၊ မှူးတော်မတ်တော်တို့နှင့် ယေရုရှလင်မြို့၌ စည်းဝေးသောသူ အပေါင်းတို့သည် စီရင်ကြပြီ။
အကယ်၍ ဣသရေလအမျိုးကိုအုပ်စိုးသော တရားသူကြီးလက်ထက်မှစ၍၊ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင်လက်ထက်ကာလပတ်လုံး၊ ထိုသို့သောပသခါပွဲကို တစ်ခါမျှမဆောင်ကြ။
လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ တရားသူကြီး၊ ဣသရေလမင်းအပေါင်းတို့နှင့် အဆွေအမျိုးသူကြီး အစရှိသော ဣသရေလ အမျိုးသားအပေါင်းတို့ကိုခေါ်၍၊
တစ်ဖန် ဧဖရိမ်အမျိုး၊ မနာရှေအမျိုးနှင့်တကွ ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ယေရုရှလင်မြို့၊ ဗိမာန်တော်သို့လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအား၊ ပသခါပွဲကို ခံစေခြင်းငှာ၊ ဟေဇကိသည် စာရေး၍ ပေးလိုက်လေ၏။
ဒုတိယလတွင် အဇုမပွဲကိုခံလိုသောငှာ၊ များစွာသောလူတို့သည် ယေရုရှလင်မြို့၌စည်းဝေးကြ၍၊ အလွန်ကြီးသောပရိသတ် ဖြစ်လေ၏။
ဒုတိယလ တစ်ဆယ်လေးရက်နေ့တွင်၊ ပသခါသိုးသငယ်ကို သတ်ကြ၏။ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် သတိရ၍ ကိုယ်ကိုသန့်ရှင်းစေလျက်၊ မီးရှို့ရာယဇ်တို့ကို ဗိမာန်တော်ထဲသို့ သွင်းကြ၏။
တစ်ဖန် ယောရှိမင်းသည် ယေရုရှလင်မြို့၌ ထာဝရဘုရားအဖို့ ပသခါပွဲကိုခံတော်မူ၍ ပထမလ တစ်ဆယ်လေးရက်နေ့တွင်၊ ပသခါသိုးသငယ်ကို သတ်ကြ၏။
အကြံပေးနိုင်သော ဉာဏ်မရှိလျှင် ပြည်သားတို့သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူ အများရှိလျှင်မူကား၊ ဘေးလွတ်တတ်၏။
တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင်ပင်သောသူများလျှင်မူကား၊ အကြံတည်တတ်၏။
ဆုံးမခြင်းကိုမခံ၊ အသက်ကြီး၍ မိုက်သောရှင်ဘုရင်ထက်၊ ပညာရှိသော ဆင်းရဲသားသူငယ်သည် သာ၍မြတ်၏။