၂ ရာချုပ် 30:1Judson Bibleတစ်ဖန် ဧဖရိမ်အမျိုး၊ မနာရှေအမျိုးနှင့်တကွ ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ယေရုရှလင်မြို့၊ ဗိမာန်တော်သို့လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအား၊ ပသခါပွဲကို ခံစေခြင်းငှာ၊ ဟေဇကိသည် စာရေး၍ ပေးလိုက်လေ၏။ အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ်တို့သည် သတ်၍၊ ဣသရေလ အမျိုးသားအပေါင်းတို့၏ အပြစ်ကိုပြေစေခြင်းငှာ၊ ယဇ်ပလ္လင်ပေါ်မှာ အသွေးအားဖြင့် အပြစ်ဖြေခြင်းမင်္ဂလာကို ပြုကြ၏။ ထိုသို့မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်ကို ဣသရေလ အမျိုးသားအပေါင်းတို့အဖို့ ပူဇော်မည်အကြောင်း၊ ရှင်ဘုရင် အမိန့်တော်ရှိပြီ။
အို ဧဖရိမ်၊ ငါသည် သင့်ကို အဘယ်သို့ စွန့်နိုင်မည်နည်း။ အို ဣသရေလ၊ သင့်ကို အဘယ်သို့ အပ်နှံနိုင်မည်နည်း။ သင့်ကို အာဒမာမြို့ကဲ့သို့ အဘယ်သို့ဖြစ်စေနိုင်မည်နည်း။ ဇေဘိုင်မြို့အရာ၌ အဘယ်သို့ ခန့်ထားနိုင်မည်နည်း။ ငါသည် နှလုံးပြောင်းလဲ၍ အလွန် ကြင်နာသောစိတ်ရှိ၏။