အလွန်သန့်ရှင်းရာ ဌာနတော်ကိုလည်း အိမ်တော်အနံနှင့်ညီစွာ အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်လုပ်၍ ရွှေစင်အခွက် ခြောက်ထောင်နှင့် မွမ်းမံလေ၏။
အလွန်သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာနတော်အဖို့ အလျားအနံ အတောင်နှစ်ဆယ်စီကျယ်သော အိမ်တော်တစ်ပိုင်းကိုအခန်းကာ၍ ကြမ်းနှင့် ထရံကို အာရဇ်ပျဉ်ပြားဖြင့် ပြီးစေ၏။
သက်သေခံချက်ထားသောသေတ္တာကို၊ ကုလားကာအတွင်းသို့ သွင်းစရာဖို့ ထိုကုလားကာကို ရွှေချောင်းဖြင့်ဆွဲကာ၍၊ ဟဂျာအရပ်၊ ဟဂျာဟဂျုံအရပ် နှစ်ပါးစပ်ကြား၌ အပိုင်းအခြားဖြစ်ရမည်။
ထိုအခန်းသည် ဗိမာန်တော်အနံနှင့် တညီတည်းဖြစ်လျက်၊ အလျားအတောင်နှစ်ဆယ်၊ အနံလည်း အတောင်နှစ်ဆယ်ရှိသည်ကို တိုင်း၍၊ ဤအခန်းကား အလွန်သန့်ရှင်းရာဌာနဖြစ်သည်ဟု ငါ့အားပြောဆို၏။
ထိုကြောင့် ညီအစ်ကိုတို့၊ ယေရှု၏ ကိုယ်ခန္ဓာတော်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင် ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင်၊-
ဒုတိယကုလားကာအတွင်း၌၊ ဟဂျာဟဂျုန်ဟု ခေါ်ဝေါ်သော တဲတော်ရှိ၏။-
ထိုတဲတော်ကား၊ ပူဇော်သကာနှင့် ယဇ်များကို ပူဇော်သော ကာလတည်းဟူသော မျက်မှောက်ကာလပတ်လုံး ပုံပမာဖြစ်၏။ ထိုပူဇော်သကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကိုထောက်လျှင်လည်း၊ ဝတ်ပြုသောသူအား စုံလင်ခြင်းအကျိုးကို မပေးနိုင်သည်ဖြစ်၍၊-