အိမ်တော်အတွင်းအမိုးကို ထင်းရှူးပျဉ်ပြားဖြင့် ပြီးစေလျက် စွန်ပလွံပင်များနှင့် ကြိုးများတို့ကိုထု၍ ရွှေစင်နှင့်မွမ်းမံလေ၏။
အိမ်တော်၌ အသရေတင့်တယ်စေခြင်းငှာ ကျောက်မြတ်တို့ကို စီချယ်၏။ မွမ်းမံသောရွှေသည် ပါရဝိမ်ရွှေဖြစ်၏။
ငါတို့ဗိမာန်တိုင်တို့သည် အာရဇ်ပင်၊ အမိုးသည် ထင်းရှူးပင်ဖြင့် ပြီးသတည်း။
အခန်းများ၊ တံခါးအတွင်းပတ်လည်တိုင်များ၊ တံခါးမုခ်များ အတွင်းဘက်၌ ကျဉ်းသောပြတင်းပေါက်များရှိ၏။ တိုင်များ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။
ခေရုဗိမ်နှစ်ခုကြားမှာ စွန်ပလွံပင်တစ်ခုစီရှိ၏။ ခေရုဗိမ်တစ်ခု၌ မျက်နှာနှစ်ခုစီပါလျက်၊