အရှည်သုံးဆယ်ငါးတောင်ရှိသော တိုင်နှစ်တိုင်ကိုလည်း လုပ်၍ အိမ်တော်ရှေ့မှာ စိုက်ထားလေ၏။ တိုင်အပေါ်မှာတင်သော တိုင်ထိပ်သည် အမြင့်ငါးတောင်စီရှိ၏။
ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကိုလည်းကောင်း၊ ကြေးဝါရေကန်ကိုလည်းကောင်း၊ ရေချိုးအင်တုံ အခြေအမြစ်တို့ကိုလည်းကောင်း၊ ခါလဒဲလူတို့သည် ချိုးဖဲ့၍၊ ကြေးဝါရှိသမျှကို ဗာဗုလုန်မြို့သို့ ယူသွားကြ၏။
ဟာဒဒေဇာအစိုးရသော တိဗဟတ်မြို့နှင့် ခုန်မြို့မှ၊ ဒါဝိဒ်သည် များစွာသောကြေးဝါကို သိမ်းသွား၏။ ရှောလမုန်သည် ကြေးဝါရေကန်၊ ကြေးဝါတိုင်၊ ကြေးဝါတန်ဆာများကို ထိုကြေးဝါဖြင့် လုပ်သတည်း။
ဗျာဒိတ်ဌာနတော်၌ ရှိသကဲ့သို့ ကြိုးများကိုလည်းလုပ်၍ တိုင်ထိပ်အပေါ်မှာထား၏။ သလဲသီးအလုံးတစ်ရာတို့ကိုလည်းလုပ်၍ ကြိုးပေါ်မှာ ဆွဲထား၏။