ထိုခေရုဗိမ်တို့သည် အတွင်းသို့ မျက်နှာပြုလျက်၊ မတ်တတ်နေ၍ အတောင်တို့ကိုဖြန့်သဖြင့် အတောင်နှစ်ဆယ်ကျယ်၏။
အတောင်တစ်ဖက်လျှင် အလျားငါးတောင်စီရှိ၍၊ ခေရုဗိမ်နှစ်ပါးတို့သည် အတောင်ချင်းထိလျက်၊ အတောင်တစ်ဖက်စီ အိမ်တော်ထရံကို မှီလျက်ရှိကြ၏။
ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ကုလားကာကိုလည်း လုပ်လေ၏။
ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကိုရှုလျက်၊ မိမိအတောင်ကိုဖြန့်၍ သေတ္တာဖုံးကိုမိုးရမည်။