Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 3:1

Judson Bible

ယေ​ရု​ရှ​လင်​မြို့​တွင်၊ မော​ရိ​တောင်​ပေါ်​မှာ ခ​မည်း​တော်​ဒါ​ဝိဒ်​အား ထာ​ဝ​ရ​ဘု​ရား ထင်​ရှား​တော်​မူ​ရာ​အ​ရပ်၊ ယေ​ဗု​သိ​လူ​အ​ရော​န၏​ကောက်​နယ်​တ​လင်း​ကို ဒါ​ဝိဒ်​ပြင်​ဆင်​ခဲ့​ပြီး​သော​အ​ရပ်၌ ရှော​လ​မုန်​သည် နန်း​စံ​လေး​နှစ်၊ ဒု​တိ​ယ​လ၊ နှစ်​ရက်​နေ့​တွင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို တည်​စ​ပြု​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရပ်​ကို ယေ​ဟော​ဝါ​ယိ​ရေ​ဟု အာ​ဗြ​ဟံ​သ​မုတ်​လေ၏။ ထို​သို့​နှင့်​အ​ညီ၊ တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင်​တော်​မူ​မည်​ဟု ယ​နေ့​တိုင်​အောင်​ဆို​လေ့​ရှိ​သ​တည်း။

သင်​သည် အ​လွန်​ချစ်​သော​တစ်​ယောက်​တည်း​သော သား​ဣ​ဇာက်​ကို​ယူ၍၊ မော​ရိ​ပြည်​သို့​သွား​လော့။ ငါ​ပြ​လ​တ္တံ့​သော​တောင်​ပေါ်​မှာ၊ သူ့​ကို​မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​လော့​ဟု မိန့်​တော်​မူ၏။

ကောင်း​ကင်​တ​မန်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ဖျက်​ဆီး​မည်​ဟု လက်​ကို​ဆန့်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​ဘေး​ကြောင့် နောင်​တ​ရ​တော်​မူ၍၊ တန်​ပြီ။ သင့်​လက်​ကို ရုပ်​သိမ်း​လော့​ဟု လူ​တို့​ကို​ဖျက်​ဆီး​သော ကောင်း​ကင်​တ​မန်​အား မိန့်​တော်​မူ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ယေ​ဗု​သိ​လူ အ​ရော​န၏​ကောက်​နယ်​တ​လင်း​အ​နား​မှာ ရှိ၏။

ထို​အ​ခါ ဒါ​ဝိဒ်​သည် သွား၍၊ ယေ​ဗု​သိ​လူ အ​ရော​န၏ ကောက်​နယ်​တ​လင်း၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို တည်​စေ​ခြင်း​ငှာ ပြော​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဂဒ်​ကို​မှာ​ထား​သ​ဖြင့်၊

သို့​ဖြစ်၍၊ ဒါ​ဝိဒ်​က ဤ​အ​ရပ်​သည် ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၏​အိမ်​တော်​ဖြစ်၏။ ဤ​ယဇ်​ပ​လ္လင်​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ယဇ်​ပ​လ္လင်​ဖြစ်၏​ဟု ဆို​လျက်၊

ယော​ဟန်​သား​ကား၊ ယေ​ရု​ရှ​လင်​မြို့​မှာ ရှော​လ​မုန်​တည်​သော ဗိ​မာန်​တော်၌ ယဇ်​ပု​ရော​ဟိတ်​ပြု​သော အာ​ဇ​ရိ​တည်း။

ရှော​လ​မုန်​သည်​လည်း ဗိ​မာန်​တော်​ကို တည်​ဆောက်​ရ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ