Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 28:8

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လည်း၊ မိ​မိ​တို့​နှင့် ပေါက်​ဖော်​တော်​သော ယောက်ျား၊ မိန်း​မ၊ သား၊ သ​မီး​ပေါင်း​နှစ်​သိန်း​ကို ဖမ်း​ဆီး​သိမ်း​သွား​ကြ၏။ များ​စွာ​သော​ဥ​စ္စာ​ကို​လည်း လု​ယူ၍ ရှာ​မာ​ရိ​မြို့​သို့ ဆောင်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

မ​သတ်​ပါ​နှင့်။ ဓား​နှင့်​ခုတ်​လျက်၊ လေး​နှင့်​ပစ်​လျက် စစ်​တိုက်၍ ဖမ်း​မိ​သော​သူ​တို့​ကို သတ်​ရ​မည်​လော။ သူ​တို့​ရှေ့​မှာ မုန့်​နှင့်​ရေ​ကို​ထည့်၍ သူ​တို့​သည် စား​သောက်​ပြီး​မှ၊ မိ​မိ​တို့​သ​ခင်​ထံ​သို့ သွား​ပါ​စေ​ဟု​ဆို​လျှင်၊

သင်​တို့​ညီ​အစ်​ကို​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ချီ၍​မ​သွား​ကြ​နှင့်။ လူ​အ​ပေါင်း​တို့၊ ကိုယ်​နေ​ရာ​သို့ ပြန်​သွား​ကြ​လော့။ ဤ​အ​မှု​ကို​ငါ​စီ​ရင်​ပြီ​ဟု မိန့်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​ထောင်၍၊ ယေ​ရော​ဗောင်​ကို စစ်​မ​ချီ၊ ပြန်​သွား​ကြ၏။

ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​သည် ယ​ခု​ဖမ်း​ဆီး၍ သိမ်း​ယူ​ခဲ့​သော သင်​တို့၏​ညီ​အစ်​ကို​များ​ကို လွှတ်​လိုက်​ကြ​လော့။ သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား၏ ပြင်း​စွာ​သော​အ​မျက်​တော်​သည် သင်​တို့​အ​ပေါ်​မှာ သက်​ရောက်​လိမ့်​မည်​ဟု သ​တိ​ပေး၏။

ခွန်​အား​ကြီး​သော ဧ​ဖ​ရိမ်​သား ဇိ​ခ​ရိ​သည်၊ ရှင်​ဘု​ရင်​သား မာ​သေ​ယ၊ နန်း​တော်​အုပ် အာ​ဇ​ရိ​ကံ၊ ရှင်​ဘု​ရင်​နောက် ဒု​တိ​ယ​မင်း ဧ​လ​ကာ​န​ကို​သတ်၏။

မ​နာ​ရှေ​အ​မျိုး​သည် ဧ​ဖ​ရိမ်​အ​မျိုး​ကို​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​အ​မျိုး​သည် မ​နာ​ရှေ​အ​မျိုး​ကို​လည်း​ကောင်း ကိုက်​စား​ကြ​လိမ့်​မည်။ ထို​နှစ်​မျိုး​တို့​သည် ယု​ဒ​အ​မျိုး​ကို တ​ညီ​တ​ညွတ်​တည်း ရန်​ပြု​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။

အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​သော ညီ​အစ်​ကို​မှ​စ၍ သင်​တို့​တွင် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့၊ ဤ​ကယ်​တင်​တော်​မူ​ခြင်း တ​ရား​စ​ကား​ကို သင်​တို့​အား ကြား​လိုက်​တော်​မူ၏။-

နက်​ဖြန်​နေ့၌ အ​ချင်း​ချင်း ခိုက်​ရန်​ပြု​ကြ​သော သူ​တို့​ရှိ​ရာ​သို့ သွား၍၊ အ​ချင်း​လူ​တို့၊ ညီ​အစ်​ကို​ချင်း ဖြစ်​လျက်​နှင့် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် ညှဉ်း​ဆဲ​ကြ​သ​နည်း​ဟု ဆို၍ ရန်​ငြိမ်း​ရာ​သို့ သွေး​ဆောင်​သည်​ရှိ​သော်၊-

သင်၏​ရန်​သူ​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဒဏ်​ပေး​တော်​မူ​မည်။ သင်​သည် တစ်​လမ်း​တည်း​ဖြင့် သူ​တို့​ရှိ​ရာ​သို့​သွား​သော်​လည်း၊ လမ်း​ခု​နစ်​သွယ်​ဖြင့် သူ​တို့​ရှေ့​မှ​ပြေး၍ မြေ​ပေါ်​မှာ​ရှိ​သော အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့ ပြောင်း​သွား​ရ​လိမ့်​မည်။

သား​သ​မီး​ကို​ဖွား​မြင်​သော်​လည်း၊ သူ​တို့​နှင့် မ​ပျော်​မ​မွေ့​ရ။ ရန်​သူ​တို့​သည် သိမ်း​သွား​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ