Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 28:4

Judson Bible

မြင့်​သော​အ​ရပ်၊ တောင်​ပေါ်၊ သစ်​ပင်​အောက်​တို့၌ ယဇ်​ပူ​ဇော်၍၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ယာ​ကုပ်​သည် တောင်​ပေါ်​မှာ​ယဇ်​ပူ​ဇော်၍၊ ညီ​အစ်​ကို​များ​ကို အ​စာ​စား​စေ​ခြင်း​ငှာ ခေါ်​ဖိတ်​သ​ဖြင့်၊ သူ​တို့​သည်​စား​သောက်၍၊ တောင်​ပေါ်​မှာ​ည​ကို​လွန်​စေ​ကြ၏။

ယေ​ရော​ဗောင်​သည် မိ​မိ​မ​ယား​ကို​ခေါ်၍၊ သင်​သည် ယေ​ရော​ဗောင်၏ မ​ယား​ဖြစ်​သည်​ကို အ​ဘယ်​သူ​မျှ မ​သိ​စေ​ခြင်း​ငှာ ခြား​နား​သော အ​ဆင်း​အ​ရောင်​ကို ဆောင်​ပြီး​လျှင်၊ ရှိ​လော​မြို့​သို့​ထ​သွား​ပါ​လော့။ ငါ​သည် ဤ​လူ​မျိုး​ကို စိုး​စံ​ရ​မည်​အ​ကြောင်း​ကို​ပြ​သော ပ​ရော​ဖက်​အ​ဟိ​ယ​သည် ထို​မြို့၌​ရှိ၏။

မြင့်​သော​တောင်​ရှိ​သ​မျှ​တို့ အ​ပေါ်၌​လည်း​ကောင်း၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ​တို့ အောက်၌​လည်း​ကောင်း၊ ကုန်း​များ၊ ရုပ်​တု​များ၊ အာ​ရှ​ရ​ပင်​များ​ကို တည်​ကြ၏။

မြင့်​သော​အ​ရပ်၊ တောင်​ပေါ်၊ သစ်​ပင်​အောက်​တို့၌ ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​တတ်၏။

မြင့်​သော​အ​ရပ်​တို့​ကို ဣ​သ​ရေ​လ​ပြည်၌ မ​ပယ်​ရှား​သော်​လည်း၊ လက်​ထက်​တော်​ကာ​လ​ပတ်​လုံး အာ​သ​စိတ်​နှ​လုံး​သည် စုံ​လင်​ခြင်း​ရှိ၏။

ယု​ဒ​ရှင်​ဘု​ရင်​အာ​ခတ်​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​ကို အ​လွန်​နှိမ့်​ချ၏။ ထို​မင်း​သည် ယု​ဒ​ပြည်၏ အ​ဝတ်​တန်​ဆာ​ကို​ချွတ်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြမ်း​တမ်း​စွာ ပြစ်​မှား၏။

အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​စ​ရာ​ဖို့၊ ယု​ဒ​မြို့​အ​သီး​အ​သီး​တို့၌ မြင့်​သော​အ​ရပ်​တို့​ကို တည်၍ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​လေ၏။

သင်​တို့​မြင့်​သော​အ​ရပ်​များ​ကို ငါ​ဖြို​ဖျက်၍၊ ရုပ်​တု​ဆင်း​တု​များ​ကို ခုတ်​လှဲ​မည်။ သင်​တို့​အ​သေ​ကောင်​များ​ကို၊ ရုပ်​တု​ဆင်း​တု အ​သေ​ကောင်​အ​ပေါ်​မှာ ပစ်​ချ၍၊ သင်​တို့​ကို​စက်​ဆုပ်​ရွံ​ရှာ​မည်။

ထို​အ​မှု​သည် ယာ​ကုပ်​လွန်​ကျူး၍ ဣ​သ​ရေ​လ​အ​မျိုး​ပြစ်​မှား​သော​ကြောင့် ရောက်​သ​တည်း။ ယာ​ကုပ်​လွန်​ကျူး​ရာ​ကား အ​ဘယ်​သို့​နည်း။ ရှ​မာ​ရိ​မြို့​မ​ဟုတ်​လော။ ယု​ဒ၏​မြင့်​ရာ​အ​ရပ်​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သည်​မ​ဟုတ်​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ