Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 28:3

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​တို့၏ ရွံ​ရှာ​ဖွယ် ထုံး​စံ​အ​တိုင်း၊ ဟိ​န္နုံ​သား​ချိုင့်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ မိ​မိ​သား​တို့​ကို​လည်း မီး​ဖြင့်​ပူ​ဇော်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့ လိုက်​သော​လမ်း​သို့ လိုက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှ၊ နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​တို့၏ ရွံ​ရှာ​ဖွယ်​ထုံး​စံ​အ​တိုင်း၊ မိ​မိ​သား​ကို မီး​ဖြင့်​ပူ​ဇော်၏။

အ​ဘယ်​သူ​မျှ မိ​မိ​သား​သ​မီး​ကို မော​လုတ်​ဘု​ရား​အား မီး​ဖြင့်​မ​ပူ​ဇော်​နိုင်​မည်​အ​ကြောင်း၊ ဟိ​န္နုံ​သား၏ ချိုင့်၌​ရှိ​သော တော​ဖက်​အ​ရပ်​ကို​လည်း ညစ်​ညူး​စေ​တော်​မူ၏။

ထို​မင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ၊ ထာ​ဝ​ရ​ဘု​ရား နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား ရွံ​ရှာ​ဖွယ်​ထုံး​စံ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။

မိ​မိ​သား​တို့​ကို ဟိ​န္နုံ​သား​ချိုင့်၌ မီး​ဖြင့်​ပူ​ဇော်၏။ ကာ​လ​ဗေ​ဒင်​ကို​ကြည့်​တတ်၏။ ပြု​စား​သော​အ​တတ်၊ နတ်​ဝိ​ဇ္ဇာ​အ​တတ်​ကို သုံး​ဆောင်၍၊ စုန်း​နှင့် နတ်​ဝင်​တို့​ကို​လည်း အ​ခွင့်​ပေး၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ရှေ့​တော်၌​များ​စွာ​သော ဒု​စ​ရိုက်​ကို​ပြု၏။

ထို​မှ​တစ်​ပါး၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​များ​နှင့် ပြည်​သူ​ပြည်​သား ရှိ​သ​မျှ​တို့​သည်၊ တစ်​ပါး​အ​မျိုး​သား ရွံ​ရှာ​ဖွယ်​ပြု​သည်​အ​တိုင်း၊ အ​လွန်​ပြစ်​မှား​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​သန့်​ရှင်း​စေ​တော်​မူ​သော ဗိ​မာန်​တော်​ကို ညစ်​ညူး​စေ​ကြ၏။

အ​ကြင်​အိမ်​မိုး​အ​ပေါ်​မှာ ကောင်း​ကင်​တန်​ဆာ​ရှိ​သ​မျှ​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​များ​ရှေ့၌ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ပြု၏။ ထို​အိမ်​ရှိ​သ​မျှ​တို့​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​အိမ်​များ၊ ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​များ​တို့​သည် တော​ဖက်​အ​ရပ်​ကဲ့​သို့ မ​စင်​ကြယ်​ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မှာ​ထား​တော်​မူ၏။

ထို​မှ​တစ်​ပါး၊ အ​နိုင်​အ​ထက်​ပြု​သည်​ကို သင်​မ​တွေ့။ အ​ပြစ်​မ​ရှိ​သော ဆင်း​ရဲ​သား​တို့​ကို အ​သေ​သတ်၍၊ သွန်း​သော အ​သွေး​သည် သင်၏​အ​ဝတ်​စွန်း၌ ထင်​ရှား၏။

သူ​တို့​သား​သ​မီး​တို့​ကို မော​လုပ်​ဘု​ရား​အား​ပူ​ဇော်​ခြင်း​ငှာ၊ ဟိ​န္နုံ​သား၏​ချိုင့်၌​ရှိ​သော ဗာ​လ​ဘု​ရား၏​ကုန်း​တို့​ကို တည်​လုပ်​ကြ​ပြီ။ ယု​ဒ​အ​မျိုး​အ​ပေါ်​သို့ အ​ပြစ်​ရောက်​စေ​ခြင်း​ငှာ၊ ထို​မျှ​လောက် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို ငါ​မ​မှာ​ထား၊ ငါ​အ​လျှင်း​အ​လို​မ​ရှိ​ဘဲ ပြု​ကြ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်၏​သား​သ​မီး​တို့​ကို၊ မော​လုတ်​ဘု​ရား​အား မီး​ဖြင့်​မ​ပူ​ဇော်​ရ။ သင်၏​ဘု​ရား​သ​ခင်​နာ​မ​တော်​ကို မ​ရှုတ်​မ​ချ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား​သည် သိုး​ထီး​တစ်​ထောင်၊ ဆီ​မြစ်​တစ်​သောင်း​ကို အား​ရ​နှစ်​သက် တော်​မူ​မည်​လော။ ငါ့​လွန်​ကျူး​ခြင်း​အ​တွက် ငါ၏​သား​ဦး​ကို​လည်း​ကောင်း၊ ငါ့​စိတ်​ဝိ​ညာဉ်၏ အ​ပြစ်​အ​တွက် ငါ၏​ရင်​သွေး​ကို​လည်း​ကောင်း ပူ​ဇော်​ရ​မည်​လော၊

သူ​တို့​ပြု​သ​ကဲ့​သို့၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား သင်​မ​ပြု​ရ။ သူ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သ​မျှ​တို့​ကို သူ​တို့​ဘု​ရား၌ ပြု​ကြ​ပြီ။ ကိုယ်​သား​သ​မီး​ကို​ပင် သူ​တို့​ဘု​ရား​အား​ဝတ်​ပြု၍ မီး​ရှို့​ကြ​ပြီ။

သင်​တို့​တွင် မိ​မိ​သား​သ​မီး​ကို မီး​ဖြင့်​ပူ​ဇော်​သော​သူ၊ ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို ကိုယ်​ဉာဏ်​နှင့် ဟော​ပြော​သော​သူ၊ ကာ​လ​ဗေ​ဒင်​ကို ကြည့်​သော​သူ၊ မ​ကောင်း​သော​အ​တတ်​ကို ပြု​စု​သော​သူ၊

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့ သင်​သည် ဝင်​စား​သော​အ​ခါ၊ ထို​ပြည်၌​နေ​သော လူ​မျိုး​တို့​ပြု​တတ်​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ပြု​ခြင်း​ငှာ မ​သင်​ရ။

ဟိ​န္နုံ​သား၏​ချိုင့်​နား ယေ​ရု​ရှ​လင်​မြို့​တည်ရာ ယေ​ဗု​သိ​အ​ရပ် တောင်​ဘက်​နား​မှာ​လျှောက်၍ ဟိ​န္နုံ​ချိုင့်​အ​နောက်၊ ရေ​ဖိမ်​ချိုင့်​မြောက်​ဘက်၌​ရှိ​သော တောင်​ပေါ်​သို့​တက်​လေ၏။

ထို​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ ဗာ​လ​ဘု​ရား​တို့​ကို ဝတ်​ပြု​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍ ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို ဝတ်​ပြု​ကြ​သော​ကြောင့်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ