Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 28:16

Judson Bible

ထို​အ​ခါ အာ​ရှု​ရိ​ရှင်​ဘု​ရင်​လာ၍​ကူ​မ​စေ​ခြင်း​ငှာ၊ အာ​ခတ်​မင်း​ကြီး​သည် သံ​တ​မန်​ကို စေ​လွှတ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​မှ​စ၍၊ ဘေး​လွတ်​လျက်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယာ​ကုပ်​အ​မျိုး​သား​တို့​သည်၊ မိ​မိ​တို့​ကို ညှဉ်း​ဆဲ​သော​သူ၌ နောက်​တစ်​ဖန် မ​ကိုး​စား​ဘဲ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၌ အ​မှန်​ကိုး​စား​ကြ​လိမ့်​မည်။

ဧ​ဖ​ရိမ်​အ​မျိုး​သည် ယု​ဒ​အ​မျိုး​နှင့် ကွာ​သွား​သော နေ့​မှ​စ၍၊ မ​ဖြစ်​ဖူး​သော နေ့​ရက်​ကာ​လ​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​လူ​များ​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​အ​မျိုး​ရင်း​အ​ပေါ်၌​လည်း​ကောင်း၊ ရောက်​စေ​တော်​မူ​မည်။

ယ​ခု​မှာ သင်​သည် ရှိ​ဟော​ရ​မြစ်​ရေ​ကို သောက်​အံ့​သော​ငှာ၊ အဲ​ဂု​တ္တု​လမ်း​သို့ အ​ဘယ်​ကြောင့် လိုက်​သ​နည်း။ ဥ​ဖ​ရတ်​မြစ်​ရေ​ကို သောက်​အံ့​သော​ငှာ၊ အာ​ရှု​ရိ​လမ်း​သို့ အ​ဘယ်​ကြောင့် လိုက်​သ​နည်း။

သင်​သည် အ​ရပ်​ရပ်​သို့ ပြောင်း​လဲ​ခြင်း​ငှာ၊ အ​ဘယ်​ကြောင့် ဤ​မျှ​လောက်​လှည့်​လည်​သ​နည်း။ အာ​ရှု​ရိ​ပြည်​ကို ရှက်​ကြောက်​သည်​နည်း​တူ၊ အဲ​ဂု​တ္တု​ပြည်​ကို ရှက်​ကြောက်​လိမ့်​မည်။

သင်​သည် ကိ​လေ​သာ​စိတ် မ​ပြေ​သော​ကြောင့်၊ အာ​ရှု​ရိ​လူ​တို့​နှင့်​လည်း မှား​ယွင်း​လေ၏။ ထို​သို့ မှား​ယွင်း​သော်​လည်း စိတ်​မ​ပြေ​နိုင်။

ဧ​ဖ​ရိမ်​သည် မိ​မိ​အ​ပေါက်​တို့​ကို​လည်း​ကောင်း၊ ယု​ဒ​သည် မိ​မိ​အ​နာ​ကို​လည်း​ကောင်း မြင်​သော​အ​ခါ၊ ဧ​ဖ​ရိမ်​သည် အာ​ရှု​ရိ​မင်း​ထံ​သို့ သွား၍၊ ယု​ဒ​သည် ရှင်​ဘု​ရင်​ယာ​ရက်​ထံ​သို့ စေ​လွှတ်​သော်​လည်း၊ ထို​မင်း​တို့​သည် သင်​တို့​အ​ပေါက်​ကို မ​ဖာ​နိုင်၊ အ​နာ​ကို​လည်း မ​ပျောက်​စေ​နိုင်​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ