၂ ရာချုပ် 28:14Judson Bibleစစ်သူရဲတို့သည် သိမ်းယူခဲ့သောလူများနှင့် လုယူခဲ့သောဥစ္စာများကို မင်းတို့ရှေ့၊ ပရိသတ်တို့ရှေ့မှာ ထားကြ၏။ အခန်းကိုကြည့်ပါ။ |
အထက်ဆိုခဲ့ပြီးသောသူတို့သည် ထလျက်၊ သိမ်းယူခဲ့သော သူတို့ကိုခေါ်၍၊ အဝတ်မရှိသောသူတို့ကို လက်ရဥစ္စာဖြင့် ဝတ်ဆင်စေကြ၏။ ခြေနင်းကို စီးစေကြ၏။ စားသောက်စရာဖို့ပေးကြ၏။ ဆီနှင့် လိမ်းစေကြ၏။ အားမရှိသောသူအပေါင်းတို့ကို မြည်းပေါ်မှာတင်၍၊ သူတို့ ပေါက်ဖော်ရှိရာ ယေရိခေါမြို့တည်းဟူသော စွန်ပလွံပင်မြို့သို့ ပို့ပြီးမှ၊ ရှမာရိမြို့သို့ ပြန်သွားကြ၏။