Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 28:12

Judson Bible

ထို​အ​ခါ ဧ​ဖ​ရိမ်​အ​မျိုး​သား​အ​ကြီး​အ​ကဲ၊ ယော​ဟ​နန်​သား အာ​ဇ​ရိ၊ မေ​ရှိ​လေ​မုတ်​သား ဗေ​ရ​ခိ၊ ရှ​လ္လုံ​သား ဟေ​ဇ​ကိ၊ ဟာ​ဒ​လဲ​သား အာ​မ​သာ​တို့​သည် စစ်​တိုက်​ရာ​မှ​လာ​သော သူ​တို့​ကို ဆီး​တား၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ဒါ​ဝိဒ်​မင်း​သည် ဣ​သ​ရေ​လ​မင်း​များ​တည်း​ဟူ​သော အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော​မင်း၊ အ​လှည့်​လှည့် အ​မှု​တော်​ကို​စောင့်​သော တပ်​မှူး​ဗိုလ်​မင်း၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ရှင်​ဘု​ရင်၏​ဘ​ဏ္ဍာ​စိုး၊ သား​တော်၏​ဘ​ဏ္ဍာ​စိုး၊ ခွန်​အား​ရှိ​သော သူ​ရဲ​အ​ကြီး​အ​ကဲ အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှာ စု​ဝေး​စေ​တော်​မူ၏။

ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​သည် ယ​ခု​ဖမ်း​ဆီး၍ သိမ်း​ယူ​ခဲ့​သော သင်​တို့၏​ညီ​အစ်​ကို​များ​ကို လွှတ်​လိုက်​ကြ​လော့။ သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား၏ ပြင်း​စွာ​သော​အ​မျက်​တော်​သည် သင်​တို့​အ​ပေါ်​မှာ သက်​ရောက်​လိမ့်​မည်​ဟု သ​တိ​ပေး၏။

သင်​တို့​သိမ်း​ယူ​ခဲ့​သော သူ​တို့​ကို ဤ​မြို့​ထဲ​သို့ မ​သွင်း​ရ။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပြီ။ အ​ပြစ်​ရင်း​အ​ပေါ်​မှာ​ထပ်၍ ပြစ်​မှား​စေ​ဦး​မည်​ဟု သင်​တို့ ကြံ​စည်​ကြ​သည်​တ​ကား။ ယ​ခု​တွင် ငါ​တို့​အ​ပြစ်​ကြီး​လှ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်​ရှိ​သည်​ဟု ဆို​သော​ကြောင့်၊

အ​ထက်​ဆို​ခဲ့​ပြီး​သော​သူ​တို့​သည် ထ​လျက်၊ သိမ်း​ယူ​ခဲ့​သော သူ​တို့​ကို​ခေါ်၍၊ အ​ဝတ်​မ​ရှိ​သော​သူ​တို့​ကို လက်​ရ​ဥ​စ္စာ​ဖြင့် ဝတ်​ဆင်​စေ​ကြ၏။ ခြေ​နင်း​ကို စီး​စေ​ကြ၏။ စား​သောက်​စ​ရာ​ဖို့​ပေး​ကြ၏။ ဆီ​နှင့် လိမ်း​စေ​ကြ၏။ အား​မ​ရှိ​သော​သူ​အ​ပေါင်း​တို့​ကို မြည်း​ပေါ်​မှာ​တင်၍၊ သူ​တို့ ပေါက်​ဖော်​ရှိ​ရာ ယေ​ရိ​ခေါ​မြို့​တည်း​ဟူ​သော စွန်​ပ​လွံ​ပင်​မြို့​သို့ ပို့​ပြီး​မှ၊ ရှ​မာ​ရိ​မြို့​သို့ ပြန်​သွား​ကြ၏။

ဤ​အိမ်​ကို ရှိ​လော​ရွာ​ကဲ့​သို့ ငါ​ဖြစ်​စေ​မည်။ ဤ​မြို့​ကို​လည်း၊ မြေ​ပေါ်​မှာ လူ​အ​မျိုး​မျိုး ကျိန်​ဆဲ​သော​မြို့ ဖြစ်​စေ​မည်​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ