ထိုသို့ ယောသံသည် မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ မိမိအကျင့်တို့ကို ပြင်ဆင်သောကြောင့် တန်ခိုးတိုးပွားသတည်း။
ခမည်းတော်သည် အရင်လိုက်သောလမ်းသို့၊ ယောရှဖတ်လိုက်လျက်၊
ဗာလဘုရားတို့ကို မဆည်းကပ်၊ ခမည်းတော်၏ ဘုရားသခင်ကိုသာ ဆည်းကပ်သဖြင့်၊ ဣသရေလအမျိုး၏ထုံးစံကိုရှောင်၍၊ ပညတ်တရားတော်ကို ကျင့်သောကြောင့်၊ ထာဝရဘုရားသည်စောင့်မ၍၊
သို့သော်လည်း၊ မင်းကြီးသည် တစ်ပြည်လုံးတွင်၊ အာရှရပင်တို့ကို ပယ်ရှား၍၊ ဘုရားသခင်ကိုရှာခြင်းငှာ သဘောချသောကြောင့်၊ ကျင့်သော အကျင့်ကောင်းပါပြီဟု ဆို၏။
ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံကို နားလည်သော ဇာခရိလက်ထက်၌၊ ဩဇိမင်းသည် ဘုရားသခင်ကို ဆည်းကပ်၏။ ထာဝရဘုရားကို ဆည်းကပ်သောကာလပတ်လုံး၊ ဘုရားသခင်သည် အကြံထမြောက်ရသောအခွင့်ကို ပေးတော်မူ၏။
အမ္မုန်ရှင်ဘုရင်ကိုလည်း စစ်တိုက်၍နိုင်သဖြင့်၊ နိုင်သောနှစ်တွင် အမ္မုန်သားတို့သည် ငွေအခွက်တစ်ထောင်၊ ဂျုံကောရတစ်သောင်း၊ မုယောတစ်သောင်းကိုပေးရကြ၏။ ဒုတိယနှစ်နှင့် တတိယနှစ်တွင် ထိုအတူ ပေးရကြ၏။