Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 26:8

Judson Bible

အ​မ္မုန်​အ​မျိုး​သား​တို့​သည်​လည်း၊ ဩ​ဇိ​မင်း​အား လက်​ဆောင်​ပ​ဏ္ဍာ​တို့​ကို ဆက်​ကြ၏။ သူ​သည် အ​လွန် ကိုယ်​ကို​ခိုင်​ခံ့​စေ​သ​ဖြင့်၊ သ​တင်း​တော်​သည် အဲ​ဂု​တ္တု​ပြည်​တိုင်​အောင် ကျော်​စော​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​ကို လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ​ကောင်း​ချီး​ပေး၍ သင်၏​နာ​မ​ကို ကြီး​မြတ်​စေ​မည်။ သင်​သည် ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်​လိမ့်​မည်။

သ​မီး​အ​ငယ်​သည်​လည်း သား​ကို​ဖွား၍ ဗေ​န​မ္မိ​အ​မည်​ဖြင့် မှည့်​လေ၏။ ထို​သူ​သည် ယ​နေ့​တိုင်​အောင်​ရှိ​သော အ​မ္မုန်​အ​မျိုး​သား​တို့၏​အ​ဘ​ဖြစ်​သ​တည်း။

ဆား​ချိုင့်​တွင် ဧ​ဒုံ​လူ တစ်​သောင်း​ရှစ်​ထောင်​တို့​ကို​လုပ်​ကြံ​ရာ​မှ၊ ဒါ​ဝိဒ်​သည် ပြန်​လာ​သော​အ​ခါ ဂုဏ်​အ​သ​ရေ​ကြီး၏။

မော​ဘ​ပြည်​ကို​လည်း​လုပ်​ကြံ၍ ပြည်​သား​တို့​ကို မြေ​ပေါ်​မှာ လှဲ​ချ​သ​ဖြင့်၊ ကြိုး​နှင့်​တိုင်း​လျက် သုံး​စု​တွင် နှစ်​စု​ကို​သတ်၏။ တစ်​စု​ကို​ချမ်း​သာ​ပေး၏။ ထို​သို့ မော​ဘ​အ​မျိုး​သား​တို့​သည် ဒါ​ဝိဒ်၌​ကျွန်​ခံ၍ အ​ခွန်​ဆက်​ရ​ကြ၏။

ရှော​လ​မုန်​သည် ဧ​ဇ​ရ​ဟိတ်​အ​မျိုး ဧ​သန်၊ မ​ဟော​လ​သား ဟေ​မန်၊ ခါ​လ​ကော​လ၊ ဒါ​ရ​ဒ​အ​စ​ရှိ​သော လူ​အ​ပေါင်း​တို့​ထက်​သာ၍ ပ​ညာ​ရှိ​သ​ဖြင့်၊ ခပ်​သိမ်း​သော တိုင်း​နိုင်​ငံ​အ​ရပ်​ရပ်၌ ကျော်​စော​လေ၏။

ဒါ​ဝိဒ်​သ​တင်း​သည် အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌ နှံ့​ပြား၍၊ ခပ်​သိမ်း​သော လူ​မျိုး​တို့​သည် သူ့​ကို​ကြောက်​ရွံ့​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ၏။

ဖိ​လိ​တ္တိ​လူ​တို့​သည် လက်​ဆောင်​နှင့် အ​ခွန်​ငွေ​ကို​လည်း​ကောင်း၊ အာ​ရပ်​လူ​တို့​သည် သိုး​ခု​နစ်​ထောင်​ခု​နစ်​ရာ​နှင့် ဆိတ်​ခု​နစ်​ထောင်​ခု​နစ်​ရာ​ကို​လည်း​ကောင်း ဆောင်​ခဲ့​ကြ၏။

ထို​နောက်​မှ၊ မော​ဘ​အ​မျိုး​သား​နှင့် အ​မ္မုန်​အ​မျိုး​သား​တို့​သည် ဧ​ဒုံ​အ​မျိုး​သား​အ​ချို့​နှင့်​တ​ကွ၊ ယော​ရှ​ဖတ်​ကို စစ်​တိုက်​မည်​ဟု ချီ​လာ​ကြ၏။

ဩ​ဇိ​မင်း​သည် ယေ​ရု​ရှ​လင်​မြို့​ထောင့်​တံ​ခါး၊ ချိုင့်​တံ​ခါး၊ မြို့​ရိုး​ကွေ့​တံ​ခါး၌ ရဲ​တိုက်​တို့​ကို တည်၍​ခိုင်​ခံ့​စေ၏။

အ​မ္မုန်​ရှင်​ဘု​ရင်​ကို​လည်း စစ်​တိုက်၍​နိုင်​သ​ဖြင့်၊ နိုင်​သော​နှစ်​တွင် အ​မ္မုန်​သား​တို့​သည် ငွေ​အ​ခွက်​တစ်​ထောင်၊ ဂျုံ​ကော​ရ​တစ်​သောင်း၊ မု​ယော​တစ်​သောင်း​ကို​ပေး​ရ​ကြ၏။ ဒု​တိ​ယ​နှစ်​နှင့် တ​တိ​ယ​နှစ်​တွင် ထို​အ​တူ ပေး​ရ​ကြ၏။

သ​တင်း​တော်​သည်​လည်း ရှု​ရိ​ပြည်၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍ နတ်​ဝင်​သော​သူ၊ ဝက်​ရူး​စွဲ​သော​သူ၊ လက်​ခြေ​သေ​သော​သူ​မှ​စ​သော အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​ရော​ဂါ​စွဲ၍ မ​ကျန်း​မ​မာ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ၍၊ သူ​တို့၏​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။

အ​မ္မုန်​အ​မျိုး​သား​တို့​အ​နီး​သို့ ရောက်​သော​အ​ခါ သူ​တို့​ကို​မ​နှောင့်​ယှက်​နှင့်၊ အ​လျှင်း​မ​ပြု​နှင့်။ အ​မ္မုန်​အ​မျိုး​သား​နေ​သော​ပြည်​ကို သင့်​အား​ငါ​အ​ပိုင်​မ​ပေး၊ ထို​ပြည်​ကို လော​တ​အ​မျိုး​သား​တို့​အား ငါ​အ​ပိုင်​ပေး​ပြီ​ဟု ငါ့​အား​မိန့်​တော်​မူ၏။

ထို​နောက်​မှ အ​မ္မုန်​အ​မျိုး​သား​နာ​ဟတ်​သည်​လာ၍ ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​အ​နား​မှာ​တပ်​ချ​လျှင်၊ မြို့​သား​အ​ပေါင်း​တို့​က အ​ကျွန်ုပ်​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​တော်​မူ​ပါ။ ကိုယ်​တော်​ထံ၌​ကျွန်​ခံ​ပါ​မည်​ဟု နာ​ဟတ်​မင်း​အား လျှောက်​သော်​လည်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ