Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 26:4

Judson Bible

ထို​မင်း​သည် ခ​မည်း​တော်​အာ​မ​ဇိ ပြု​သ​မျှ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​ရှင်​ဘု​ရင် အာ​မ​ဇိ​သား​ဩ​ဇိ​သည် အ​သက်​တစ်​ဆယ်​ခြောက်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ ငါး​ဆယ်​နှစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သူ ယေ​ခေါ​လိ​အ​မည်​ရှိ၏။

ထို​မင်း​သည် ခ​မည်း​တော်​ဩ​ဇိ​ကျင့်​သ​မျှ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၏။

ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​လက်​ထက် ကာ​လ​ပတ်​လုံး၊ ယော​ရှ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၏။

ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို ပြု​သော်​လည်း၊ စိတ်​နှ​လုံး​မ​စုံ​လင်။

ဩ​ဇိ​သည် အ​သက်​တစ်​ဆယ်​ခြောက်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ ငါး​ဆယ်​နှစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သူ ယေ​ခေါ​လိ​အ​မည်​ရှိ၏။

ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို နား​လည်​သော ဇာ​ခ​ရိ​လက်​ထက်၌၊ ဩ​ဇိ​မင်း​သည် ဘု​ရား​သ​ခင်​ကို ဆည်း​ကပ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ဆည်း​ကပ်​သော​ကာ​လ​ပတ်​လုံး၊ ဘု​ရား​သ​ခင်​သည် အ​ကြံ​ထ​မြောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။

ထို​မင်း​သည် ခ​မည်း​တော်​ဩ​ဇိ​ကျင့်​သ​မျှ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​ထဲ​သို့ မ​ဝင်။ ပြည်​သူ​ပြည်​သား​တို့​သည် မ​တ​ရား​သ​ဖြင့် ပြု​ကြ​သေး၏။

ထို​မင်း​သည် အ​ဘ​ဒါ​ဝိဒ်​ကျင့်​သ​မျှ​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ