Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 26:20

Judson Bible

ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​သည် ကြည့်​ရှု၍၊ န​ဖူး​တော်၌ နူ​နာ​စွဲ​သည်​ကို​မြင်​လျှင်၊ ရှင်​ဘု​ရင်​ကို ပြင်​သို့​နှင်​ထုတ်​ကြ၏။ ရှင်​ဘု​ရင်​ကိုယ်​တိုင်​လည်း၊ ထာ​ဝ​ရ​ဘု​ရား ဒဏ်​ခတ်​တော်​မူ​သော​ကြောင့်၊ အ​လျင်​အ​မြန်​ထွက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဩ​ဇိ​မင်း​သည် ဒေါ​သ​စိတ်​ရှိ၍၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​ငှာ၊ လင်​ပန်း​ကို​ကိုင်​လျက်၊ ယဇ်​ပု​ရော​ဟိတ်​တို့​ကို အ​မျက်​ထွက်​လျှင်၊ ဗိ​မာန်​တော်​တွင် နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်၏​အ​နား၊ ယဇ်​ပု​ရော​ဟိတ်​တို့​ရှေ့​မှာ၊ နူ​နာ​သည် ရှင်​ဘု​ရင်​န​ဖူး၌ ပေါ်​လေ၏။

ထို​သို့ ဩ​ဇိ​မင်း​ကြီး​သည် သေ​သည်​တိုင်​အောင် နူ​နာ​စွဲ၍၊ ခြား​နား​သော​နန်း၌ နေ​ရ၏။ ဗိ​မာန်​တော်​သို့ ဝင်​သော​အ​ခွင့်​ကို မ​ရ။ သား​တော်​ယော​သံ​သည် နန်း​တော်​ကို​အုပ်​စိုး၍ နိုင်​ငံ​တော်​မှု​ကို​စီ​ရင်​ရ၏။

သို့​ပြီး​မှ၊ မော်​ဒ​ကဲ​သည် နန်း​တော်​တံ​ခါး​သို့ ပြန်​လာ၏။ ဟာ​မန်​မူ​ကား ညည်း​တွား​လျက် ခေါင်း​ကို​ခြုံ​လျက်၊ မိ​မိ​အိမ်​သို့ အ​လျင်​အ​မြန်​သွား​ပြီး​လျှင်၊

ယဇ်​ပု​ရော​ဟိတ်​ကြည့်​ရှု၍၊ အ​ရေ၌​ထ​သော​အ​ဖု​နှင့်​တ​ကွ အ​မွေး​သည်​ဖြူ​လျှင်​လည်း​ကောင်း၊ အ​ဖု၌ အ​သား​စို​ရှိ​လျှင်​လည်း​ကောင်း၊

သင်​တို့​ပိုင်​ထိုက်​ရာ၊ ငါ​ပေး​သော​ခါ​နာန်​ပြည်​သို့ သင်​တို့​ရောက်​သော​အ​ခါ၊ သင်​တို့​နေ​ရာ​ထို​ပြည်​တွင် အိမ်​တစ်​စုံ​တစ်​ခု၌ နူ​နာ​ကို​ငါ​စွဲ​စေ​လျှင်​လည်း​ကောင်း၊

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို တူ​လာ၊ ဖျား​နာ၊ ဒ​လ​ခက်​နာ၊ ခ​ရ​ခ​ရ​နာ​ဖြင့်​လည်း​ကောင်း၊ ဓား​ဘေး၊ လေ​ထိ၍​အ​ပင်​သေ​ဘေး၊ အ​ရည်​ယို၍ အ​ပင်​သေ​ဘေး​ဖြင့်​လည်း​ကောင်း ဒဏ်​ခတ်​တော်​မူ၍၊ သင်​သည်​မ​ပျက်​စီး​မီ​တိုင်​အောင် ထို​ဘေး​တို့​သည် လိုက်​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဒူး​နှင့် ခြေ​ထောက်​မ​က၊ ခြေ​ဖ​ဝါး​မှ​စ၍ ဦး​ခေါင်း​ထိပ်​တိုင်​အောင် မ​ပျောက်​နိုင်​သော​အ​နာ​စိမ်း​ဖြင့် ဒဏ်​ခတ်​တော်​မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ