ဩဇိမင်းသည်လည်း၊ ဗိုလ်ခြေအပေါင်းတို့အဖို့ ဒိုင်းလွှား၊ လှံ၊ သံခမောက်လုံး၊ သံချပ်၊ လေး၊ ကျောက်နှင့် ပစ်စရာလောက်လွှဲတို့ကို ပြင်ဆင်လေ၏။
ထိုသို့ အကြီးအကဲလုပ်သောသူ၊ ရန်သူတစ်ဖက်၌ ရှင်ဘုရင်ကို ထောက်မခြင်းငှာ၊ ကြီးသောခွန်အားနှင့် စစ်တိုက်သောသူရဲပေါင်းကား၊ သုံးသိန်းခုနစ်ထောင်ငါးရာတည်း။
လိမ္မာသောသူတို့သည် ဉာဏ်ရှာ၍လုပ်သော ယန္တရားစက်တို့ကိုလည်း၊ ယေရုရှလင်မြို့ရဲတိုက်၊ မြို့ပြအိုးအပေါ်က မြားနှင့် ကျောက်ကြီးကို ပစ်စရာဖို့ ပြင်ဆင်လေ၏။ ထိုသို့ တန်ခိုးကြီးအောင် အထူးသဖြင့် မစခြင်းကို ခံရသည်ဖြစ်၍၊ သတင်းတော်သည် အနှံ့အပြားကျော်စော၏။
ဝတ်လုံ၌လည်စွပ်ပါ၍ လည်စွပ်ကို မစုတ်စေခြင်းငှာ၊ သံချပ်လည်စွပ်ကွပ်သကဲ့သို့၊ ရက်သောအထည်နှင့် ကွပ်ရမည်။
မြင်းစီးသူရဲများတို့၊ မြင်းကို ကကြိုးတန်ဆာ ဆင်၍စီးပြီးလျှင်၊ သံခမောက်လုံးကို ဆောင်းလျက် ထွက်ကြလော့။ လှံတို့ကို ပွတ်ကြလော့။ သံချပ်အင်္ကျီတို့ကို ဝတ်ကြလော့။
ထိုလူအပေါင်းတို့တွင် လက်ဝဲလက်ကို သုံးတတ်သဖြင့်၊ ဆံခြည်တစ်ပင်ကို လောက်လွှဲနှင့်မှန်အောင် ပစ်နိုင်သော ယောက်ျားကောင်း ခုနစ်ရာပါသတည်း။
လွယ်အိတ်ထဲက ကျောက်တစ်လုံးကို နှိုက်ယူ၍လွှဲပစ်၏။ ဖိလိတ္တိလူ၏ နဖူးကိုမှန်၍ နဖူးပေါက်သဖြင့် သူသည် မြေပေါ်မှာ ငိုက်စိုက်လဲလေ၏။