ထိုသို့ ခွန်အားကြီးသော သူရဲအဆွေအမျိုးအလိုက် အကြီးအကဲ လုပ်သောသူပေါင်းကား၊ နှစ်ထောင်ခြောက်ရာတည်း။
အဘိယသည် ရွေးချယ်သော စစ်သူရဲကောင်းလေးသိန်းနှင့် စစ်ခင်းကျင်၏။ ယေရောဗောင်သည် ရွေးချယ်သော စစ်သူရဲကောင်းရှစ်သိန်းနှင့် စစ်ခင်းကျင်း၏။
ဩဇိမင်း၌ တပ်စာရေးယေယေလနှင့် တပ်အုပ်မာသေယတို့သည် စာရင်းယူသည်အတိုင်း၊ ရှင်ဘုရင်၏ ဗိုလ်မင်းဟာနနိသည် စီရင်၍၊ အသီးအသီးတပ်ဖွဲ့သော စစ်သူရဲဗိုလ်ခြေများရှိကြ၏။
ထိုသို့ အကြီးအကဲလုပ်သောသူ၊ ရန်သူတစ်ဖက်၌ ရှင်ဘုရင်ကို ထောက်မခြင်းငှာ၊ ကြီးသောခွန်အားနှင့် စစ်တိုက်သောသူရဲပေါင်းကား၊ သုံးသိန်းခုနစ်ထောင်ငါးရာတည်း။
အာတဇေရဇ်မင်းကြီး လက်ထက်၌၊ ငါနှင့်အတူ ဗာဗုလုန်မြို့မှ ထွက်သွားသောသူ အဆွေအမျိုးသူကြီးတို့၏ သားစဉ်မြေးဆက်စာရင်း ဟူမူကား။