Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 25:7

Judson Bible

သို့​ရာ​တွင် ဘု​ရား​သ​ခင်၏​လူ​တစ်​ယောက်​သည်​လာ၍ အို​မင်း​ကြီး၊ ဣ​သ​ရေ​လ​တပ်​ကို မ​လိုက်​စေ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​လူ​တည်း​ဟူ​သော ဧ​ဖ​ရိမ်​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​အ​တူ ရှိ​တော်​မ​မူ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​နာ​သန်​ကို ဒါ​ဝိဒ်​ထံ​သို့ စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ နာ​သန်​သည်​ဝင်၍၊ အ​ရှင်​မင်း​ကြီး၊ ဤ​မည်​သော​မြို့​တွင် သူ​ဌေး​တစ်​ဦး၊ ဆင်း​ရဲ​သား​တစ်​ဦး​ရှိ​ပါ၏။

သူ​တစ်​ပါး​နှင့်​တိုင်​ပင်၍ ရွှေ​နွား​သ​ငယ်​နှစ်​ကောင်​ကို​လုပ်​ပြီး​လျှင်၊ သင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​သော​အ​မှု​ခက်​လှ၏။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော​ဘု​ရား​တို့​ကို ကြည့်​ရှု​ကြ​လော့​ဟု ဆို​လျက်၊

ထို​အ​ခါ ယေ​ရော​ဗောင်​သည် နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​ငှာ ယဇ်​ပ​လ္လင်​နား​မှာ​ရပ်​နေ​စဉ်​တွင်၊ ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​သည် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အ​တိုင်း၊ ယု​ဒ​ပြည်​မှ ဗေ​သ​လ​မြို့​သို့ ရောက်​လာ၍၊

မိန်း​မ​က​လည်း၊ ငါ​တို့​နေ​ရာ​လမ်း​ဖြင့် အ​စဉ်​သွား​လာ​သော ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သန့်​ရှင်း​သူ​ဖြစ်​သည်​ကို ကျွန်ုပ်​ရိပ်​မိ၏။

ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​သည်၊ ငါ​တို့​တွင် ဗိုလ်​မင်း​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်၏ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း၊ တံ​ပိုး​မှုတ်​လျက် သင်​တို့​တစ်​ဖက်၌ နှိုး​ဆော်​ခြင်း​ငှာ၊ ငါ​တို့​တွင်​ရှိ​ကြ၏။ အို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ မ​တိုက်​ကြ​နှင့်။ တိုက်​လျှင် ရှုံး​ရ​ကြ​လိမ့်​မည်​ဟု ပြော​ဆို၏။

ဟာ​နန်​သား ပ​ရော​ဖက်​ယေ​ဟု​သည်၊ ယော​ရှ​ဖတ်​မင်း​ကြီး​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား၍၊ မင်း​ကြီး​သည် မ​တ​ရား​သော​သူ​တို့​ကို မ​စ​သင့်​သ​လော။ ထာ​ဝ​ရ​ဘု​ရား​ကို မုန်း​သော​သူ​တို့​ကို ချစ်​သင့်​သ​လော။ ယ​ခု​ပြု​သော​အ​မှု​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​သည် မင်း​ကြီး​အ​ပေါ်​သို့ သက်​ရောက်​လေ​ပြီ။

ခွန်​အား​ကြီး​သော ဣ​သ​ရေ​လ​သူ​ရဲ​တစ်​သိန်း​ကို​လည်း ငွေ​အ​ခွက်​တစ်​ထောင်​နှင့် ငှား၏။

ဧ​ဖ​ရိမ်​သည် တု​ရု​မြို့​ကဲ့​သို့ ငြိမ်​ဝပ်​ရာ​အ​ရပ်၌ တည်​ဟန်​ရှိ​သော်​လည်း၊ မိ​မိ​သား​သ​မီး​တို့​ကို လူ​သတ်​လက်​သို့ အပ်​ရ​လိမ့်​မည်။

သို့​ဖြစ်၍၊ အို ဘု​ရား​သ​ခင်၏​လူ၊ သင်​သည် ထို​အ​ပြစ်​များ​ကို ကြဉ်​ရှောင်​လော့။ ဖြောင့်​မတ်​စွာ ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း​တို့​ကို မှီ​အောင်​လိုက်​လော့။-

ဘု​ရား​သ​ခင်၏ လူ​သည်​စုံ​လင်​သော​သူ၊ ကောင်း​သော အ​မှု​အ​မျိုး​မျိုး​တို့​ကို ပြု​စု​ခြင်း​အ​လို​ငှာ ပြင်​ဆင်​သော​သူ ဖြစ်​မည်​အ​ကြောင်း၊ ဩ​ဝါ​ဒ​ပေး​ခြင်း၊ အ​ပြစ်​ကို​ဖော်​ပြ​ခြင်း၊ ဖြောင့်​မတ်​စွာ ပြု​ပြင်​ခြင်း၊ တ​ရား​ကို သွန်​သင်​ခြင်း ကျေး​ဇူး​များ​ကို ပြု​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ