အာမဇိသည် မင်းအာဏာတည်သောအခါ၊ ခမည်းတော်မင်းကြီးကို သတ်သောကျွန်တို့ကို သတ်လေ၏။
ယဟောရံသည် ခမည်းတော်နိုင်ငံ၌ တည်သောအခါ၊ ကိုယ်ကိုခိုင်ခံ့စေ၍၊ ညီတော်အပေါင်းတို့ကိုလည်းကောင်း၊ ဣသရေလမှူးတော် မတ်တော်တချို့တို့ကိုလည်းကောင်း၊ ဓားနှင့်သတ်လေ၏။
သားအတွက်အဘသည် အသေမခံရ။ အဘအတွက် သားသည်အသေမခံရ။ လူတိုင်း မိမိအပြစ်ကြောင့် အသေခံရ၏ဟု မောရှေပညတ္တိကျမ်းစာ၌ ရေးထားလျက်ရှိသော ထာဝရဘုရား၏ပညတ်တော်ကို စောင့်ရှောက်၍၊ ထိုကျွန်တို့၏သားများကို မသတ်ဘဲနေ၏။
အာမုန်မင်းကြီးတစ်ဖက်၌ သင်းဖွဲ့သောသူအပေါင်းတို့ကို၊ ပြည်သူပြည်သားတို့သည် ကွပ်မျက်၍၊ သားတော်ယောရှိကို ခမည်းတော်အရာ၌ နန်းတင်ကြ၏။
အိမ်နီးချင်းကို သတ်မည်အကြံရှိ၍ အနိုင်တိုက်သောသူကိုကား၊ ငါ့ယဇ်ပလ္လင်၌ ခိုလှုံသော်လည်း၊ ဆွဲယူ၍သတ်ရမည်။