Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 25:10

Judson Bible

ထို​အ​ခါ အာ​မ​ဇိ​သည် ဧ​ဖ​ရိမ်​ပြည်​မှ​ရောက်​လာ​သော စစ်​သူ​ရဲ​တို့​ကို ခွဲ​ထား၍၊ မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​စေ​ခြင်း​ငှာ လွှတ်​လိုက်​သ​ဖြင့်၊ သူ​တို့​သည် အ​လွန်​အ​မျက်​ထွက်၍ ယု​ဒ​ပြည်​သား​တို့၌ အ​ငြိုး​ထား​လျက်၊ မိ​မိ​တို့ နေ​ရာ​သို့ ပြန်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​လည်း၊ ငါ​တို့​သည် ရှင်​ဘု​ရင်၌ ဆယ်​ဖို့​တို့​ကို​ဆိုင်​ကြ၏။ ဒါ​ဝိဒ်​အ​မျိုး​ကို သင်​တို့​ဆိုင်​သည်​ထက် ငါ​တို့​သာ၍​ဆိုင်​ကြ၏။ ရှင်​ဘု​ရင်​ကို ပြန်​ပို့​ခြင်း​အ​မှု​တွင် ငါ​တို့​နှင့်​ရှေ့​ဦး​စွာ မ​တိုင်​ပင်​ဘဲ အ​ဘယ်​ကြောင့် ငါ​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ​သ​နည်း​ဟု ယု​ဒ​အ​မျိုး​သား​တို့​ကို ပြန်​ပြော​ကြ၏။ သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ စ​ကား​ထက် ယု​ဒ​အ​မျိုး​သား​တို့​စ​ကား​သည် သာ၍​ခိုင်​ခံ့၏။

သင်​တို့​ညီ​အစ်​ကို​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ချီ၍​မ​သွား​ကြ​နှင့်။ လူ​အ​ပေါင်း​တို့၊ ကိုယ်​နေ​ရာ​သို့ ပြန်​သွား​ကြ​လော့။ ဤ​အ​မှု​သည် ငါ​အ​ခွင့်​ပေး​သော​ကြောင့်​ဖြစ်၏​ဟု မိန့်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို​နား​ထောင်၍ စ​ကား​တော်​အ​တိုင်း ပြန်​သွား​ကြ၏။

အာ​မ​ဇိ​သည်​လည်း ကိုယ်​ကို​ခိုင်​ခံ့​စေ၍ ဆား​ချိုင့်​ကို တပ်​ချီ​သ​ဖြင့်၊ စိ​ရ​တောင်​သား​တစ်​သောင်း​ကို လုပ်​ကြံ​လေ၏။

အာ​မ​ဇိ​က၊ ဣ​သ​ရေ​လ​တပ်​ကို ငှား၍ ငွေ​အ​ခွက်​တစ်​ထောင်​ကို ပေး​မိ​သော​ကြောင့်၊ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း​ဟု ဘု​ရား​သ​ခင်၏​လူ​ကို မေး​မြန်း​သော်၊ ဘု​ရား​သ​ခင်၏​လူ​က၊ ထို​မျှ​မ​က ထာ​ဝ​ရ​ဘု​ရား​သည် သာ၍ ပေး​နိုင်​တော်​မူ​သည်​ဟု ပြန်​ပြော၏။

စိတ်​ဆိုး​တတ်​သော​သူ​သည် ခိုက်​ရန်​မှု​ကို နှိုး​ဆော်​တတ်၏။ ပြင်း​ထန်​သော​သူ​သည်​လည်း၊ အ​လွန်​အ​ကျူး​များ​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ