၂ ရာချုပ် 24:24Judson Bibleယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို စွန့်သောကြောင့်၊ များပြားသောအလုံးအရင်း ဖြစ်သော်လည်း၊ နည်းသောရှုရိတပ်အလုံးအရင်းလက်သို့ ထာဝရဘုရား အပ်တော်မူ၍၊ ရှုရိလူတို့သည် ယောရှကိုတရားစီရင်ကြ၏။ အခန်းကိုကြည့်ပါ။ |
တစ်ဖန်ဘုရားသခင်၏ဝိညာဉ်တော်သည် ယဇ်ပုရောဟိတ်ယောယဒသား ဇာခရိအပေါ်မှာ သက်ရောက်၍၊ သူသည် ပရိသတ်အလယ်၊ မြင့်သောအရပ်၌ ရပ်လျက်၊ ဘုရားသခင်မိန့်တော်မူသည်ကား၊ သင်တို့သည် ကိုယ်အကျိုးကို ပျက်စေခြင်းငှာ၊ ထာဝရဘုရား၏ပညတ်တော်တို့ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။ သင်တို့သည် ထာဝရဘုရားကို စွန့်သောကြောင့်၊ သင်တို့ကိုလည်း စွန့်တော်မူပြီဟု မြွက်ဆို၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဘုရားသခင်၊ သန့်ရှင်းတော်မူသောဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ တည်တော်မူသည်မ ဟုတ်လော။ သို့ဟုတ်လျှင်၊ အကျွန်ုပ်တို့သည် သေခြင်းနှင့် ကင်းလွတ်ကြပါမည်။ အို ထာဝရဘုရား၊ အကျွန်ုပ်တို့ကို စစ်ကြောစေခြင်းငှာ သူတို့ကို ခန့်ထားတော်မူပြီ။ အို ကျောက်ထရံ၊ ဆုံးမစေခြင်းငှာ သူတို့ကို နေရာချတော်မူပြီ။