Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 24:19

Judson Bible

သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ သွေး​ဆောင်​စေ​ခြင်း​ငှာ၊ ပ​ရော​ဖက်​တို့​ကို စေ​လွှတ်​တော်​မူ၍၊ ပ​ရော​ဖက်​တို့​သည် သက်​သေ​ခံ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင် အ​ကျိန်​တိုက်​ပြီး​သော နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​ကို ပုန်​ကန်​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​ပြန်​မည်​အ​ကြောင်း၊ မိ​မိ​လည်​ပင်း​ကို​လည်း​ကောင်း၊ မိ​မိ​နှ​လုံး​ကို​လည်း​ကောင်း ခိုင်​မာ​စေ၏။

သို့​ရာ​တွင် အ​မိန့်​တော်​ကို နား​မ​ထောင်၊ ပုန်​ကန်​လျက် တ​ရား​တော်​ကို ကျော​နောက်​သို့ ပစ်​ထား​ကြ၏။ အ​ထံ​တော်​သို့ ပြန်​လာ​စေ​ခြင်း​ငှာ၊ ဆုံး​မ​သော ကိုယ်​တော်၏​ပ​ရော​ဖက်​တို့​ကို သတ်၍ အ​လွန်​ပြစ်​မှား​ခြင်း​ကို ပြု​ကြ၏။

နှစ်​ပေါင်း​များ​စွာ သူ​တို့​ကို​သည်း​ခံ၍၊ ကိုယ်​တော်၏ ပ​ရော​ဖက်​တို့၌​ရှိ​သော ကိုယ်​တော်၏ ဝိ​ညာဉ်​အား​ဖြင့် ဆုံး​မ​တော်​မူ​သော်​လည်း သူ​တို့​သည် နား​မ​ထောင်​သော​ကြောင့်၊ ဤ​ပြည်​သူ​ပြည်​သား​တို့​လက်​သို့ အပ်​တော်​မူ၏။

ငါ​ပြော​သံ​ကို​ကြား၍ မှတ်​ကြ​လော့။ ငါ့​စ​ကား​ကို စေ့​စေ့ နား​ထောင်​နာ​ယူ​ကြ​လော့။

သင်​တို့​တွင် အ​ဘယ်​သူ​သည် ဤ​စ​ကား​ကို နား​ထောင်​မည်​နည်း။ နောင်​ကာ​လ​ဖို့ အ​ဘယ်​သူ​ကြား၍ မှတ်​မည်​နည်း။

ငါ၏​လူ​မျိုး၊ ငါ့​လူ​စု​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​နာ​ယူ​ကြ​လော့။ ငါ့​ထံ​မှ​တ​ရား​ထွက်၍ ငါ​စီ​ရင်​ချက်​သည် လူ​များ​လင်း​စ​ရာ​ဖို့ တည်​ရ​လိမ့်​မည်။

နူး​ညွတ်​သော​နား​နှင့် ငါ့​ထံ​သို့ လာ​ကြ​လော့။ နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့၏​ဝိ​ညာဉ်​သည် အ​သက်​ရှင်​ရ​လိမ့်​မည်။ ငါ​သည်​လည်း၊ သင်​တို့​နှင့် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု၍၊ ဒါ​ဝိဒ်၌ မြဲ​မြံ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အား​ပေး​မည်။

ယု​ဒ​ရှင်​ဘု​ရင် အာ​မုန်​သား ယော​ရှိ နန်း​စံ​ဆယ်​သုံး​နှစ်​မှ​စ၍ ယ​ခု​တိုင်​အောင်၊ အ​နှစ်​နှစ်​ဆယ်​သုံး​နှစ်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ​သည်​အ​တိုင်း၊ ငါ​သည် စော​စော​ထ၍ အ​မိန့်​တော်​ကို အ​ထပ်​ထပ်​ဆင့်​ဆို​သော်​လည်း၊ သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​သို့ ဆင့်​ဆို​ကြ​သော်​လည်း၊ သင်​တို့​သည် ကိုယ်၌​အ​ကျိုး​နည်း ဖြစ်​စေ​ခြင်း​ငှာ၊ ကိုယ်​လက်​နှင့်​လုပ်​သော အ​ရာ​များ​အား​ဖြင့်၊ ငါ၏​အ​မျက်​ကို ထွက်​စေ​သော​အ​ခွင့် ရှိ​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပြီ။

ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊

ငါ​သည် စော​စော​ထ၍ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​သော ငါ၏​ကျွန် ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သ​ကဲ့​သို့၊ ယ​ခု​လည်း နား​မ​ထောင်​ဘဲ​နေ​လျှင်၊

ရှေး​ပ​ရော​ဖက်​တို့​က၊ သင်​တို့ မ​ကောင်း​သော​လမ်း၊ မ​ကောင်း​သော အ​ကျင့်​များ​ကို ယ​ခု ကြဉ်​ရှောင်​ကြ​လော့​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကို ဆင့်​ဆို​လျက် ကြွေး​ကြော်​သော်​လည်း နား​မ​ကြား၊ ငါ့​စ​ကား​ကို​လည်း နား​မ​ထောင်​သော သင်​တို့ ဘိုး​ဘေး​များ​ကဲ့​သို့ မ​ပြု​ကြ​နှင့်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။-

အာ​ဗြ​ဟံ​က၊ သူ​တို့​သည် မော​ရှေ၏​စ​ကား၊ ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​လျှင်၊ တစ်​ယောက်​သော​သူ​သည် သေ​ခြင်း​မှ ထ​မြောက်​သော်​လည်း မ​ယုံ​ကြည်​နိုင်​ကြ​ဟု အာ​ဗြ​ဟံ​ဆို​သည်​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ