မင်းများနှင့် ပြည်သူပြည်သားများအပေါင်းတို့သည်၊ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့၍၊ လက်စသတ်သည်တိုင်အောင် သေတ္တာထဲသို့ သွင်းထားကြ၏။
လူများတို့သည် စုံလင်သောနှလုံး၊ ကြည်ညိုသော စိတ်သဘောရှိ၍ ထာဝရဘုရားအား ပူဇော်သောကြောင့် ဝမ်းမြောက်ကြ၏။ ဒါဝိဒ်မင်းကြီးသည်လည်း အလွန်တရာဝမ်းမြောက်တော်မူ၏။
ထိုသေတ္တာကို လေဝိသားတို့သည် ဘဏ္ဍာတော်တိုက်ထဲသို့ သွင်း၍၊ ငွေများသည်ကိုသိမြင်လျှင်၊ ရှင်ဘုရင်၏စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်း၏ စာရေးသည်လာ၍၊ ငွေကိုထုတ်ယူပြီးမှ၊ သေတ္တာကို သူ့နေရာ၌ထားပြန်၏။ ထိုသို့ နေ့တိုင်းပြု၍ များစွာသောငွေကို စုထားကြ၏။
ဘုရားသခင်၏ကျွန်မောရှေသည် တောမှာ ဣသရေလအမျိုး၌ ငွေခွဲသည်အတိုင်း၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ရမည်ဟု ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌ ကြော်ငြာကြ၏။
ဝမ်းမြောက်သောစိတ်နှင့် ဖြောင့်မတ်စွာ ကျင့်သောသူ၊ တရားတော်လမ်းတို့၌ ကိုယ်တော်ကို အောက်မေ့သောသူတို့နှင့် ကိုယ်တော်သည် မိတ်သဟာယဖွဲ့တော်မူ၏။ ထိုလမ်းတို့မှ အကျွန်ုပ်တို့သည် အစဉ်လွှဲတတ်သောကြောင့် အမျက်ထွက်တော်မူ၏။ ကယ်တင်ခြင်းသို့ ရောက်ရကြပါမည်လော။
ထိုအသင်းတော်တို့သည် ညှဉ်းဆဲခြင်းအားဖြင့် များစွာသော စုံစမ်းခြင်းကို ခံရသော်လည်း၊ အလွန်ကြီးသော ဝမ်းမြောက်ခြင်းနှင့်၊ ဥစ္စာပြုန်းတီးသော ဆင်းရဲခြင်းအကြောင်းသည်၊ သူတို့၏ စွန့်ကြဲပေးကမ်းခြင်း စည်းစိမ်ကို ဖြစ်စေ၍ ကြွယ်ဝပြည့်စုံ၏။-
လူတိုင်း ကိုယ်အလိုအလျောက် လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့် လှူသောသူကိုသာ ဘုရားသခင် နှစ်သက်တော်မူ၏။-