Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 23:3

Judson Bible

စည်း​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်၌ ရှင်​ဘု​ရင်​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​ကြ၏။ ယော​ယ​ဒ​က​လည်း၊ ရှင်​ဘု​ရင်​သား​တော်​ကို ကြည့်​ရှု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​အ​မျိုး​ကို မိန့်​တော်​မူ​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​သား​တော် စိုး​စံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့ ရောက်​လာ​လျှင်၊ ဒါ​ဝိဒ်​မင်း​ကြီး​သည် ဟေ​ဗြုန်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ သူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း၊ သူ​တို့​သည် ဒါ​ဝိဒ်​ကို ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။

သင်​သည် အ​သက်​ကာ​လ​စေ့၍ ဘိုး​ဘေး​တို့​နှင့်​အ​တူ အိပ်​ပျော်​သော​အ​ခါ သင်၏​ရင်​သွေး၊ သင်​မှ​ဆင်း​သက်​သော သား​ကို ငါ​ချီး​မြှောက်၍ သူ၏​နိုင်​ငံ​ကို​တည်​ထောင်​မည်။

သင်၏​အ​မျိုး​အ​နွယ်​နှင့်၊ သင်၏​နိုင်​ငံ​သည် ငါ့​ရှေ့​မှာ အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ သင်၏​ရာ​ဇ​ပ​လ္လင်​သည်​လည်း အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်​ဟု ငါ့​ကျွန်​ဒါ​ဝိဒ်​အား​ပြော​လော့​ဟု မိန့်​တော်​မူ၏။

သင်၏​သား​မြေး​တို့​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ငါ့​ရှေ့​မှာ သ​မ္မာ​တ​ရား၌​ကျင်​လည်​ခြင်း​ငှာ မိ​မိ​တို့​သွား​ရာ​လမ်း​ကို သ​တိ​ပြု​လျှင်၊ ဣ​သ​ရေ​လ​နိုင်​ငံ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​ရ​သော သင်၏​အ​မျိုး​မင်း​ရိုး​မ​ပြတ်​ရ​ဟု မိန့်​တော်​မူ​သော စ​ကား​တော်​တည်၍၊ သင်​သည်​ပြု​လေ​ရာ​ရာ၊ သွား​လေ​ရာ​ရာ၌ အောင်​မြင်​မည်​အ​ကြောင်း သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ လမ်း​တော်​သို့​လိုက်၍၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း၌​ပါ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်၊ သက်​သေ​ခံ​ချက်၊ ပ​ညတ်​တ​ရား​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ မှာ​ထား​တော်​မူ​သော​စ​ကား​ကို နား​ထောင်​လော့။

ဣ​သ​ရေ​လ​နိုင်​ငံ၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​ရ​သော သင်၏​အ​မျိုး​မင်း​ရိုး​မ​ပြတ်​ရ​ဟု သင့်​အ​ဘ​ဒါ​ဝိဒ်​အား ငါ​က​တိ​ရှိ​သည်​အ​တိုင်း၊ သင်​ထိုင်​ရ​သော ဣ​သ​ရေ​လ​နိုင်​ငံ၏ ရာ​ဇ​ပ​လ္လင်​ကို အ​စဉ်​ငါ​တည်​စေ​မည်။

ယော​ယ​ဒ​သည်​လည်း ရှင်​ဘု​ရင်​နှင့်​လူ​များ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ​ဖြစ်​ရ​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​စေ၏။ တစ်​ဖန် ရှင်​ဘု​ရင်​နှင့်​လူ​များ​တို့​ကို တစ်​ဦး​နှင့်​တစ်​ဦး ပ​ဋိ​ညာဉ်​ဖွဲ့​စေ၏။

ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့​ရောက်​လာ​လျှင်၊ ဒါ​ဝိဒ်​သည် ဟေ​ဗြုန်​မြို့၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ သူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍၊ ရှ​မွေ​လ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့်​အ​ညီ၊ သူ​တို့​သည် ဒါ​ဝိဒ်​ကို​ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။

သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​အ​စ​ရှိ​သော သား​မြေး​တို့၏​မီး​ခွက်​ကို အ​စဉ်​ထွန်း​လင်း​စေ​မည်​ဟု က​တိ​တော်​ရှိ၍၊ ဒါ​ဝိဒ်​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​တော်​မူ​သော​ကြောင့်၊ သူ၏​အ​မျိုး​ကို မ​ဖျက်​ဆီး​ဘဲ ထား​တော်​မူ၏။

ရှင်​ဘု​ရင်​နှင့် လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ​ဖြစ်​ရ​မည်​အ​ကြောင်း၊ ယော​ယ​ဒ​သည် မိ​မိ​ထံ၌ ပ​ဋိ​ညာဉ်​ဖွဲ့​စေ၏။

အို​ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​က၊ သင်​သည်​ငါ့​ရှေ့​မှာ ကျင့်​သ​ကဲ့​သို့ သင်၏​သား​မြေး​တို့​သည် ငါ့​တ​ရား​ကို ကျင့်​လို​သော​ငှာ၊ မိ​မိ​တို့​သွား​ရာ​လမ်း​ကို သ​တိ​ပြု​လျှင်၊ ငါ့​မျက်​မှောက်၌ ဣ​သ​ရေ​လ​နိုင်​ငံ၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​ရ​သော သင်၏​အ​မျိုး မင်း​ရိုး​မ​ပြတ်​ရ​ဟု ကိုယ်​တော်​ကျွန် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌​ထား​တော်​မူ​သော က​တိ​တော်​ကို ယ​ခု စောင့်​တော်​မူ​ပါ။

ဣ​သ​ရေ​လ​နိုင်​ငံ​ကို အုပ်​စိုး​ရ​သော သင်၏​အ​မျိုး​မင်း​ရိုး​မ​ပြတ်​ရ​ဟု သင့်​အ​ဘ​ဒါ​ဝိဒ်​နှင့် ငါ​ပ​ဋိ​ညာဉ်​ဖွဲ့​သည်​အ​တိုင်း၊ သင်​ထိုင်​ရ​သော ရာ​ဇ​ပ​လ္လင်​ကို အ​စဉ်​ငါ​တည်​စေ​မည်။

သူ၏​အ​မျိုး​အ​နွယ်​ကို အ​စဉ်​အ​မြဲ တည်​စေ​မည်။ သူ၏​ပ​လ္လင်​သည် ကောင်း​ကင်​က​လာ​သ​ကဲ့​သို့ နိ​စ္စ​ထာ​ဝ​ရ​ဖြစ်​လိမ့်​မည်။

သူ၏​အ​မျိုး​အ​နွယ်​သည် အ​စဉ်​အ​မြဲ တည်​ရ​မည်။ သူ၏​ပ​လ္လင်​သည်​လည်း၊ ငါ့​ရှေ့၌ နေ​ကဲ့​သို့​ဖြစ်​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ