Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 23:18

Judson Bible

မော​ရှေ​ပ​ည​တ္တိ​ကျမ်း၌​ပါ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​တို့​ကို ပူ​ဇော်​ခြင်း၊ ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း၊ ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ ဗိ​မာန်​တော်၌ ဒါ​ဝိဒ်​ခွဲ​ထား​သော ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​သည် ဗိ​မာန်​တော်​မှု​များ​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ ယော​ယ​ဒ​စီ​ရင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​အား ငြိမ်​ဝပ်​သော​အ​ခွင့်​ကို​ပေး၍ ကိုယ်​တော်​တိုင် ယေ​ရု​ရှ​လင်​မြို့၌ အ​စဉ်​နေ​တော်​မူ​သော​ကြောင့်၊

ဒါ​ဝိဒ်​မင်း​ကြီး​နှင့် သူ၏​ပ​ရော​ဖက်​ဂဒ်၊ ပ​ရော​ဖက်​နာ​သန်​တို့ စီ​ရင်​သည်​အ​တိုင်း ခွက်​ကွင်း၊ စောင်း၊ တ​ယော​နှင့် တီး​မှုတ်​သော​လေ​ဝိ​သား​တို့​ကို၊ ဗိ​မာန်​တော်၌ ခန့်​ထား​တော်​မူ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တို့​အား​ဖြင့် စီ​ရင်​တော်​မူ​သ​တည်း။

ဟေ​ဇ​ကိ​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​စေ​ခြင်း​ငှာ၊ အ​မိန့်​တော်​ရှိ၍ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​စ​ပြု​သော​အ​ခါ၊ တံ​ပိုး​များ​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​စီ​ရင်​သော တူ​ရိ​ယာ​မျိုး​များ​ကို တီး​မှုတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ကို ဆို​စ​ပြု​ကြ၏။

တစ်​ဖန် ဟေ​ဇ​ကိ​မင်း​ကြီး​နှင့် မှူး​မတ်​တို့​သည် စီ​ရင်၍၊ လေ​ဝိ​သား​တို့​သည် ဒါ​ဝိဒ်​စ​ကား၊ ပ​ရော​ဖက်​အာ​သပ်​စ​ကား​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​သီ​ချင်း​ဆို​ကြ၏။ ရွှင်​လန်း​သော​စိတ်​နှင့် ထော​မ​နာ​သီ​ချင်း​ကို​ဆို​လျက်၊ ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ၏။

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည်​ထ၍ လူ​များ​တို့​ကို ကောင်း​ချီး​ပေး​ကြ၏။ သူ​တို့​စ​ကား​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ၏။ သန့်​ရှင်း​သော​ကျိန်း​ဝပ်​တော်​မူ​ရာ၊ ကောင်း​ကင်​ဘုံ​သို့ ပ​တ္ထ​နာ​စ​ကား​တက်​လေ၏။

ယဇ်​ပု​ရော​ဟိတ်​တို့​ကို မိ​မိ​တို့​အ​ရာ၌​ခန့်​ထား၍၊ ဗိ​မာန်​တော်​အ​မှု​ကို စောင့်​စေ​ခြင်း​ငှာ နှိုး​ဆော်​တော်​မူ၏။

ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၊ တဲ​တော်​နှင့်​ဆိုင်၍၊ သန့်​ရှင်း​သော တန်​ဆာ​အ​လုံး​စုံ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လေ​ဝိ​သား​များ​တို့​သည် ဆောင်​ခဲ့​ကြ၏။

ယဇ်​ပု​ရော​ဟိတ်​တို့​သည် မိ​မိ​တို့​အ​မှု​ကို ဆောင်​ရွက်​ကြ၏။ လေ​ဝိ​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​စ​ရာ​ဖို့ ဒါ​ဝိဒ်​မင်း​ကြီး​စီ​ရင်​သော တူ​ရိ​ယာ​မျိုး​ကို တီး​မှုတ်​လျက် ဒါ​ဝိဒ်၏ ဆာ​လံ​သီ​ချင်း​ကို ဆို​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း တံ​ပိုး​မှုတ်၍ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် မတ်​တတ်​နေ​ကြ၏။

ခု​နစ်​ရက်​ပတ်​လုံး ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ဇု​မ​ပွဲ​ကို​လည်း ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဝမ်း​မြောက်​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဗိ​မာန်​တော် တည်​ဆောက်​ခြင်း​အ​မှု​မှာ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် မ​စ​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​တော်​ကို သူ​တို့​ဘက်​သို့ ကူး​စေ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ