၂ ရာချုပ် 22:9Judson Bibleရှမာရိပြည်၌ ပုန်းလျက်နေသော အာခဇိကိုရှာ၍ ဖမ်းမိသောအခါ၊ ယေဟုထံသို့ဆောင်ခဲ့ပြီးမှ သတ်၍ သင်္ဂြိုဟ်ကြ၏။ အကြောင်းမူကား၊ သူသည် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာသော ယောရှဖတ်၏အမျိုးဖြစ်သည်ဟု ဆိုကြ၏။ ထိုသို့အာခဇိအမျိုး သည် နိုင်ငံကိုအုပ်စိုးခြင်းငှာ မတတ်နိုင်။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြု၍ သင်္ဂြိုဟ်ကြလိမ့်မည်။ ယေရောဗောင်အမျိုးသားစုတွင်၊ ထိုသူငယ်တစ်ယောက်တည်းသာ သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်။ အကြောင်းမူကား၊ ယေရောဗောင်အမျိုးသားစုတွင် ထိုသူငယ်တစ်ယောက်သည် ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၌ ကြည်ညိုသောစိတ်ရှိ၏။
ရန်သူထွက်သွားသောအခါ၊ ယောရှသည် ကြီးစွာသောဒုက္ခကို ခံရလျက် နေရစ်သည်ဖြစ်၍၊ ယဇ်ပုရောဟိတ်ယောယဒသားတို့ကို သတ်သောအပြစ်ကြောင့်၊ မိမိကျွန်တို့သည် သင်းဖွဲ့၍၊ သလွန်ပေါ်မှာ သေအောင်လုပ်ကြံကြ၏။ ထိုမင်းကို ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်သော်လည်း၊ ရှင်ဘုရင်တို့တွင် မသင်္ဂြိုဟ်။