ယေဟုသည် အာဟပ်အမျိုးကို တရားစီရင်သောအခါ၊ ယုဒမှူးမတ်တို့ကိုလည်းကောင်း၊ အာခဇိမင်း၌ ခစားသော နောင်တော်၏သားတို့ကိုလည်းကောင်း၊ တွေ့၍သတ်လေ၏။
ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို စွန့်သောကြောင့်၊ များပြားသောအလုံးအရင်း ဖြစ်သော်လည်း၊ နည်းသောရှုရိတပ်အလုံးအရင်းလက်သို့ ထာဝရဘုရား အပ်တော်မူ၍၊ ရှုရိလူတို့သည် ယောရှကိုတရားစီရင်ကြ၏။