၂ ရာချုပ် 22:7Judson Bibleဘုရားသခင် စီရင်တော်မူသည်အတိုင်း၊ အာခဇိသည် ယောရံထံသို့ရောက်သောအားဖြင့်၊ ဆုံးရှုံးလေသည် အကြောင်းအရာဟူမူကား၊ အာဟပ်အမျိုးကို သုတ်သင်ပယ်ရှင်းစေခြင်းငှာ၊ ထာဝရဘုရား ဘိသိက်ပေးတော်မူသောနိမ်ရှိသားယေဟုကို ဆီးကြိုခြင်းငှာ၊ ယောရံနှင့် အာခဇိတို့သည် ထွက်သွား၏။ အခန်းကိုကြည့်ပါ။ |
အဘယ်သူသည် ပညာရှိသနည်း။ ထိုသူသည် ဤအရာတို့ကို နားလည်လိမ့်မည်။ အဘယ်သူသည် ဉာဏ်ကောင်းသနည်း။ ထိုသူသည် ဤအရာတို့ကို သိရလိမ့်မည်။ ထာဝရဘုရား၏လမ်းတော်တို့သည် ဖြောင့်ကြ၏။ ဖြောင့်မတ်သော သူတို့သည် လိုက်ကြလိမ့်မည်။ အဓမ္မလူတို့မူကား၊ ထိုလမ်းတို့၌ ထိမိ၍ လဲကြလိမ့်မည်။ ပရောဖက်ဟောရှေစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
အကြောင်းမူကား၊ ထာဝရဘုရားသည် မောရှေကိုမှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးတို့ကို ကျေးဇူးမပြု၊ အကုန်အစင် သုတ်သင်ပယ်ရှင်းစေမည်အကြောင်း၊ သူတို့သည် ဣသရေလအမျိုးသားတို့ကိုဆီး၍ တိုက်ဝံ့သည်တိုင်အောင် သူတို့စိတ်နှလုံးခိုင်မာစေခြင်းငှာ ထာဝရဘုရား အလိုရှိတော်မူသတည်း။