ယဟောရံမင်းသည် မှူးမတ်များ၊ ရထားစီးသူရဲများအပေါင်းတို့နှင့်တကွ စစ်ချီ၍၊ ညအခါ ဝိုင်းသောဧဒုံလူများ၊ ရထားအုပ်များကို လုပ်ကြံလေ၏။
သို့သော်လည်း၊ ဧဒုံပြည်သားတို့သည် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန်ကြ၏။ ထိုကာလ၌၊ လိဗနပြည်သည်လည်း ပုန်ကန်၏။ အကြောင်းမူကား၊ ယဟောရံသည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကိုစွန့်၍၊
ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သားတို့သည် ယုဒရှင်ဘုရင်ကို ပုန်ကန်၍၊ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။
ယေရုရှလင်မြို့ကို ဗိုလ်ခြေများ ဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည် ပျက်စီးခြင်းသို့ ရောက်လုသည်ကို သိမှတ်ကြလော့။-