Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 21:7

Judson Bible

သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​အ​စ​ရှိ​သော သား​မြေး​တို့၏​မီး​ခွက်​ကို အ​စဉ်​ထွန်း​လင်း​စေ​မည်​ဟု က​တိ​တော်​ရှိ၍၊ ဒါ​ဝိဒ်​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​တော်​မူ​သော​ကြောင့်၊ သူ၏​အ​မျိုး​ကို မ​ဖျက်​ဆီး​ဘဲ ထား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ဇေ​ရု​ယာ​သား​အ​ဘိ​ရှဲ​သည် ကူ​ညီ၍ ဖိ​လိ​တ္တိ​လူ​ကို တိုက်​သတ်​လေ၏။ ထို​အ​ခါ ဒါ​ဝိဒ်၏ လူ​တို့​က၊ ဣ​သ​ရေ​လ​အ​လင်း​ကွယ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ ကိုယ်​တော်​သည် ကျွန်​တော်​တို့​နှင့်​အ​တူ နောက်​တစ်​ဖန် စစ်​ချီ​ကြွ​တော်​မ​မူ​ရာ​ဟု ကျိန်​ဆို​လျက် လျှောက်​ကြ၏။

ငါ့​အ​မျိုး​အ​နွယ်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ မြဲ​မြံ​သည်​မ​ဟုတ်​လော။ သေ​ချာ​စွာ​စီ​ရင်၍ မ​ပျက်​နိုင်​သော နိ​စ္စ​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို ငါ​နှင့်​ဖွဲ့​တော်​မူ​ပြီ။ ထို​ပ​ဋိ​ညာဉ်​သည် ချက်​ချင်း​မ​ပြည့်​စုံ​သော်​လည်း၊ ငါ့​ကို ကယ်​တင်​ရာ​အ​ကြောင်း၊ ငါ​အား​ရ​နှစ်​သက်​ရာ​အ​ကြောင်း ဖြစ်၏။

သို့​သော်​လည်း တစ်​နိုင်​ငံ​လုံး​ကို​မ​နုတ်။ ငါ့​ကျွန်​ဒါ​ဝိဒ်​နှင့် ငါ​ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့​ကို​ထောက်၍၊ သင့်​သား​အား ခ​ရိုင်​တစ်​ခ​ရိုင်​ကို ငါ​ပေး​မည်​ဟု ရှော​လ​မုန်​အား မိန့်​တော်​မူ၏။

ငါ့​နာ​မ​တည်​ရာ​ဖို့ ငါ​ရွေး​ကောက်​သော​ယေ​ရု​ရှ​လင်​မြို့​တွင်၊ ငါ့​ရှေ့​မှာ ငါ့​ကျွန်​ဒါ​ဝိဒ်၏​မီး​ခွက်​သည် အ​စဉ်​ထွန်း​လင်း​လျက် ရှိ​စေ​ခြင်း​ငှာ၊ ရှော​လ​မုန်​သား​အား တစ်​ခ​ရိုင်​ကို​ငါ​ပေး၏။

သို့​သော်​လည်း ဒါ​ဝိဒ်၏​မျက်​နှာ​ကို​ထောက်၍၊ သူ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဆွေ​တော်​မျိုး​တော်​ကို ချီး​မြှောက်၍၊ ယေ​ရု​ရှ​လင်​မြို့​ကို တည်​စေ​သ​ဖြင့်၊ ထို​မြို့၌ ဒါ​ဝိဒ်၏​မီး​ခွက်​ကို ထွန်း​လင်း​စေ​တော်​မူ၏။

သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​အ​စ​ရှိ​သော​သား​မြေး​တို့၏​မီး​ခွက်​ကို အ​စဉ်​ထွန်း​လင်း​စေ​မည်​ဟု က​တိ​တော်​ရှိ​သော​ကြောင့်၊ ဒါ​ဝိဒ်၏ မျက်​နှာ​ကို​ထောက်၍၊ ယု​ဒ​ပြည်​ကို​မ​ဖျက်​ဆီး​ဘဲ ထား​တော်​မူ၏။

ယ​ဟော​ရံ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သူ​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​အာ​ခ​ဇိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

သို့​ရာ​တွင်၊ ရှင်​ဘု​ရင်​သ​မီး ယော​ရှေ​ဘ​သည်၊ အာ​ခ​ဇိ၏​သား ယော​ရှ​ကို​အ​သေ​ခံ​ရ​သော ဆွေ​တော်​မျိုး​တော်​ထဲ​က ခိုး​ယူ၍၊ သူ​နှင့်​သူ၏ နို့​ထိန်း​ကို အိပ်​ခန်း​ထဲ၌ ဝှက်​ထား၏။ ထို​သို့​ယ​ဟော​ရံ​မင်း​ကြီး​သ​မီး၊ ယဇ်​ပု​ရော​ဟိတ်​ယော​ယဒ၏​မ​ယား​ဖြစ်​သော အာ​ခ​ဇိ၏​နှ​မ​ယော​ရှေ​ဘ​သည်၊ အာ​သ​လိ​လက်​မှ ယော​ရှ၏​အ​သက် လွတ်​စေ​ခြင်း​ငှာ​ဝှက်​ထား​သ​ဖြင့်၊

စည်း​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်၌ ရှင်​ဘု​ရင်​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​ကြ၏။ ယော​ယ​ဒ​က​လည်း၊ ရှင်​ဘု​ရင်​သား​တော်​ကို ကြည့်​ရှု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​အ​မျိုး​ကို မိန့်​တော်​မူ​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​သား​တော် စိုး​စံ​ရ​မည်။

အို​ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​က၊ သင်​သည်​ငါ့​ရှေ့​မှာ ကျင့်​သ​ကဲ့​သို့ သင်၏​သား​မြေး​တို့​သည် ငါ့​တ​ရား​ကို ကျင့်​လို​သော​ငှာ၊ မိ​မိ​တို့​သွား​ရာ​လမ်း​ကို သ​တိ​ပြု​လျှင်၊ ငါ့​မျက်​မှောက်၌ ဣ​သ​ရေ​လ​နိုင်​ငံ၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​ရ​သော သင်၏​အ​မျိုး မင်း​ရိုး​မ​ပြတ်​ရ​ဟု ကိုယ်​တော်​ကျွန် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌​ထား​တော်​မူ​သော က​တိ​တော်​ကို ယ​ခု စောင့်​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​အား ဓိ​ဋ္ဌာန်​ကျိန်​ဆို​ခြင်း​ကို​ပြု၍၊ သ​စ္စာ​ဖျက်​တော်​မ​မူ​သော စ​ကား​ဟူ​မူ​ကား၊ သင်၏​အ​မျိုး​အ​နွယ်​ကို သင်၏​ပ​လ္လင်​ပေါ်​မှာ ငါ​တင်​မည်။

ကိုယ်​တော်၏​ကျွန်​နှင့်​ဖွဲ့​သော ပ​ဋိ​ညာဉ်​ကို​ဖျက်၍၊ သူ၏​သ​ရ​ဖူ​ကို မြေ​တိုင်​အောင် ရှုတ်​ချ​တော်​မူ​ပြီ။

မှောင်​မိုက်​နှင့် သေ​မင်း၏​အ​ရိပ်​ထဲ​တွင် ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း၍၊ ငါ​တို့​အား ငြိမ်​သက်​ခြင်း​လမ်း​ကို ပြ​လျက်​ရှိ​သည်​ဟု ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ