၂ ရာချုပ် 21:2Judson Bibleယုဒရှင်ဘုရင် ယောရှဖတ်သား၊ ယဟောရံညီဟူမူကား၊ အာဇရိ၊ ယေယလေ၊ ဇာခရိ၊ အာဇရိ၊ မိက္ခေလ၊ ရှေဖတိတည်း။ အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ် လေဝိသားတို့ကို စုဝေးစေ၍၊ သင်တို့ဘုရားသခင်၏အိမ်တော်ကို ပြုပြင်ခြင်းငှာ၊ ယုဒမြို့တို့ကို လှည့်လည်သဖြင့်၊ နှစ်တိုင်းအစဉ် ဣသရေလလူအပေါင်းတို့မှ ငွေကိုခံယူ၍၊ အမှုပြီးအောင် ကြိုးစားအားထုတ်ကြလော့ဟု မိန့်တော်မူ၏။ သို့သော်လည်း၊ လေဝိသားတို့သည် မကြိုးစားဘဲ နေကြ၏။
ငါ့ကိုဒဏ်ပေးသော ဒမာသက်မြို့၏ဘုရားတို့ကို ငါဆည်းကပ်မည်ဟူ၍လည်းကောင်း၊ ရှုရိရှင်ဘုရင် ကိုးကွယ်သော ဘုရားတို့သည် ကျေးဇူးပြုတတ်သောကြောင့်၊ ငါ၌လည်း ကျေးဇူးပြုစေခြင်းငှာ၊ ထိုဘုရားတို့အား ယဇ်ပူဇော်မည်ဟူ၍လည်းကောင်း ဆိုသော်လည်း၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလအမျိုး အကျိုးနည်းစရာအကြောင်း ဖြစ်သတည်း။