၂ ရာချုပ် 21:19Judson Bibleရှင်ဘုရင်သည် တာရှည်စွာနာ၍၊ နှစ်နှစ်စေ့သောအခါ၊ အနာပြင်းထန်သောကြောင့်၊ အူထွက်၍ အသက်ချုပ်လေ၏။ ပြည်သားတို့သည် ဘိုးတော်ဘေးတော်တို့အဖို့ မီးရှို့ခြင်းကိုပြုသကဲ့သို့၊ ထိုမင်းအဖို့မပြု။ အခန်းကိုကြည့်ပါ။ |
ရန်သူထွက်သွားသောအခါ၊ ယောရှသည် ကြီးစွာသောဒုက္ခကို ခံရလျက် နေရစ်သည်ဖြစ်၍၊ ယဇ်ပုရောဟိတ်ယောယဒသားတို့ကို သတ်သောအပြစ်ကြောင့်၊ မိမိကျွန်တို့သည် သင်းဖွဲ့၍၊ သလွန်ပေါ်မှာ သေအောင်လုပ်ကြံကြ၏။ ထိုမင်းကို ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်သော်လည်း၊ ရှင်ဘုရင်တို့တွင် မသင်္ဂြိုဟ်။