Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 21:17

Judson Bible

သူ​တို့​သည် ယု​ဒ​ပြည်​သို့​ချီ​လာ၍ လုပ်​ကြံ​ကြ၏။ နန်း​တော်၌​တွေ့​သ​မျှ​သော ဥ​စ္စာ​များ​နှင့် ရှင်​ဘု​ရင်၏​သား​မ​ယား​များ​တို့​ကို သိမ်း​သွား​ကြ​သ​ဖြင့်၊ အ​ထွေး​ဆုံး​သော​သား အာ​ခ​ဇိ​မှ​တစ်​ပါး၊ တစ်​ယောက်​မျှ မ​ကျန်​ကြွင်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ၏​ပေါက်​ဖော်​တို့​ကို​တွေ့​လျှင်၊ သင်​တို့​သည် အ​ဘယ်​သူ​နည်း​ဟု မေး​သော်၊ ငါ​တို့​သည် အာ​ခ​ဇိ​မင်း၏ ဆွေ​တော်​မျိုး​တော် ဖြစ်၏။ ရှင်​ဘု​ရင်၏​သား​တော်​တို့​နှင့် မိ​ဖု​ရား၏​သား​တော်​တို့​ကို နှုတ်​ဆက်​အံ့​သော​ငှာ သွား​သည်​ဟု ဆို​ကြ၏။

အာ​ရပ်​လူ​တို့​နှင့်​လိုက်​လာ​သော တပ်​သား​တို့​သည် တပ်​ထဲ​သို့​ဝင်၍၊ ယု​ဒ​ရှင်​ဘု​ရင် ယ​ဟော​ရံ၏ သား​တော်​အ​ကြီး​ရှိ​သ​မျှ​တို့​ကို သတ်​သော​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် သား​ထွေး​အာ​ခ​ဇိ​ကို ခ​မည်း​တော်​အ​ရာ၌​ချီး​မြှောက်၍၊

ထို​သို့​ရာ​မုတ်​မြို့၌ ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​ကို​တိုက်၍၊ ရှု​ရိ​လူ​ထိ​ခိုက်​သော အ​နာ​ပျောက်​စေ​ခြင်း​ငှာ၊ ယော​ရံ​သည် ယေ​ဇ​ရေ​လ​မြို့​သို့ ပြန်​သွား၍ နာ​လျက်​နေ​စဉ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင် ယ​ဟော​ရံ​သား အာ​ခ​ဇိ​သည်​လည်း၊ အာ​ဟပ်​သား​ယော​ရံ​ကို ကြည့်​ရှု​ခြင်း​ငှာ ထို​မြို့​သို့ ဆင်း​သွား​လေ၏။

အ​ဓ​မ္မ​မိန်း​မ အာ​သ​လိ၏​သား​တို့​သည် ဗိ​မာန်​တော်​ကို​ဖြို​ဖျက်၍၊ ဗိ​မာန်​တော်၌ ပူ​ဇော်​သော​ဘ​ဏ္ဍာ​ရှိ​သ​မျှ​တို့​ကို​လည်း ဗာ​လ​ဘု​ရား​တို့​အား ပူ​ဇော်​ကြ၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​သည် ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​သား​ဖြစ်​သော ယော​ရှ၏​သား​အာ​မ​ဇိ​ကို ဗက်​ရှေ​မက်​မြို့​မှာ ဖမ်း​မိ၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​ရိုး အ​တောင်​လေး​ရာ​ကို၊ ဧ​ဖ​ရိမ်​တံ​ခါး​မှ​သည် ထောင့်​တံ​ခါး​တိုင်​အောင် ဖြို​ဖျက်​လေ၏။

သင်​တို့​သည် ငါ့​ရွှေ​ငွေ​ကို​ယူ၍၊ ငါ​နှစ်​သက်​ဖွယ်​သော ဥ​စ္စာ​မြတ်​တို့​ကို သင်​တို့​ဘုံ​ဗိ​မာန်​ထဲ​သို့ သွင်း​သော​ကြောင့်​လည်း​ကောင်း၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဂါ​ဇ​မြို့​သည် ချုပ်​ထား​သော​သူ​အ​ပေါင်း​တို့​ကို ဧ​ဒုံ​မင်း၌ အပ်​ခြင်း​ငှာ သိမ်း​သွား​သော​အ​ပြစ် သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ