Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 21:12

Judson Bible

ပ​ရော​ဖက်​ဧ​လိ​ယ​ပေး​လိုက်​သော​စာ​သည် ထို​မင်း​ထံ​သို့ ရောက်​သ​ဖြင့်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ခ​မည်း​တော်​ယော​ရှ​ဖတ်​လမ်း​နှင့် ယု​ဒ​ရှင်​ဘု​ရင်​အာ​သ​လမ်း​သို့​မ​လိုက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အာ​သ​သည် အ​ဘီ​တော်​ဒါ​ဝိဒ်​ပြု​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သ​ဖြင့်​ပြု၏။

ဂိ​လဒ်​ပြည် တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​က၊ ငါ​ကိုး​ကွယ်​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ့​အ​ခွင့်​မ​ရှိ​ဘဲ အင်​တန်​ကာ​လ​ပတ်​လုံး မိုး​မ​ရွာ၊ နှင်း​မ​ကျ​ရ​ဟု အာ​ဟပ်​မင်း​အား​မြွက်​ဆို၏။

ထို​မင်း​သည် ခ​မည်း​တော်​အာ​သ​လိုက်​သော​လမ်း​ကို မ​လွှဲ၊ အ​ကုန်​အ​စင်​လိုက်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြောင့်​မတ်​သော အ​ကျင့်​ကို​သာ ကျင့်၏။ သို့​ရာ​တွင် မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား​သော​ကြောင့်၊ လူ​တို့​သည် ထို​အ​ရပ်​တို့၌ ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​ကို လေ​ပွေ​အား​ဖြင့် ကောင်း​ကင်​သို့ ချီ​တော်​မူ​ချိန်​နီး​သော​အ​ခါ၊ ဧ​လိ​ယ​သည် ဧ​လိ​ရှဲ​နှင့်​အ​တူ ဂိ​လ​ဂါ​လ​မြို့​သို့ သွား၏။

ထို​သို့ နှုတ်​ဆက်​လျက်​သွား​ကြ​စဉ်​တွင်၊ မီး​ရ​ထား​နှင့် မီး​မြင်း​တို့​သည် ပေါ်​လာ၍ ထို​သူ​နှစ်​ယောက်​တို့​ကို ခွဲ​ခွာ​သ​ဖြင့်၊ ဧ​လိ​ယ​သည် လေ​ပွေ​အား​ဖြင့် ကောင်း​ကင်​သို့ တက်​လေ၏။

အ​ဘိ​ယ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​အာ​သ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။ ထို​မင်း​လက်​ထက်၊ ပြည်​တော်​သည် ဆယ်​နှစ်​ပတ်​လုံး ငြိမ်း​ချမ်း​သာ​ယာ၏။

သင်​သည် စာ​လိပ်​ကို​ယူ​ပြီး​လျှင်၊ ယော​ရှိ​မင်း​လက်​ထက်၌ သင့်​အား ငါ​ပြော​သော နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်၊ ယု​ဒ​ပြည်​အ​စ​ရှိ​သော ခပ်​သိမ်း​သော တိုင်း​ပြည်​တို့​ကို ငါ​ခြိမ်း​သ​မျှ​သော စ​ကား​အ​တိုင်း ရေး​ထား​လော့။

ယေ​ဟု​ဒိ​သည် သုံး​လေး​ခန်း​လောက် ဖတ်​မိ​လျှင်၊ ရှင်​ဘု​ရင်​သည် စာ​ရေး၏​ဓား​နှင့်​လှီး၍ မီး​မယ်​ဖျူး​ပေါ်​မှာ​ရှိ​သော မီး​ထဲ​သို့ စာ​လိပ်​ကို ချ​ပစ်​လျှင်၊ အ​ကုန်​အ​စင် ကျွမ်း​လောင်​လေ၏။

ထို​အ​ချိန်​နာ​ရီ​တွင် လူ၏​လက်​ဖျား​သည် ပေါ်​လာ၍ မီး​ခုံ​အ​ထက်၊ နန်း​တော်​အုတ်​ထ​ရံ အင်္ဂ​တေ၌ အ​က္ခ​ရာ​တင်၍ ရေး​ထား၏။ ထို​သို့​ရေး​သော​လက်​ဖျား​ကို ရှင်​ဘု​ရင် မြင်​တော်​မူ​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ